ကျနော်ရဲ့ ငယ်ဘဝ ကျောင်းပိတ်ချိန်တွေဆိုတာ နယ်မြို့လေးကိုပြန်ပြီးတော့ အဖိုးအဖွားအိမ်ပြန်နေပြီး ခြံထဲမှာ ကစားနည်းပေါင်းစုံကို ကစားခဲ့ရတာကိုသတိရတယ်။ မီးဆိုတာလဲအမြဲလာတာမဟုတ်သလို ဖုန်းဆိုတာလဲ ကြိုးဖုန်းလောက်ပဲရှိသေးတာ။ နေ့ရက်တွေဆိုတာ ရွှေ့နေတဲ့တိမ်တွေလိုပဲ ကိုယ်ပျော်တာလုပ်ရင်း အချိန်ကုန်။ ဆော့လို့ဝရင် ရေချိုးပြီး သနပ်ခါးအဖွေးသားနဲ့ ဖွားချက်ကျွေးတဲ့ ရှယ်ဟင်းတွေနဲ့ ဗိုက်ပေါက်မတတ်စား မီးရောင်မရှိတဲ့ညတွေရဲ့ ပလက်ဖောင်းပေါ်မှာ ကြယ်တွေကိုရေတွက်ရင်း အိပ်ချင်လာပြီဆိုမှအထဲဝင်ခဲ့ရတာတွေအကုန်သတိရတယ်။
ပုံပြင်နားထောင်ချင်ရင် လူကြီးတွေကိုပြောခိုင်းရတယ်။ မသိတာတွေဆို လူကြီးတွေကိုမေးပြီးနားထောင်ရတယ်။ Information ဆိုတာအများကြီးရယ်လို့မရှိဘူး။ နေ့ရက်တိုင်းကအတွေးနယ်ချဲ့ချင်စရာတွေကြီးပဲ။ သစ်ရွက်တွေက လှုပ်တယ် သူတို့ကစကားပြောတာရောနားလည်သလား? အပင်ပေါ်ရှိတုန်းပဲ အသက်ရှိတာလား? ကြွေသွားတဲ့သစ်ရွက်ကရောခံစားချက်ရှိသလား? ချက်ပြုတ်လိုက်တဲ့အရွက်တွေ အသားငါးတွေက ပူတယ်ဆိုတာသိသလား? ကြက်သားစားထားရင် တခြားကြက်တွေက သူတို့အမျိုးကိုစားတယ်ဆိုပြီး သားကိုလိုက်ခွပ်မှာလား? ကြက်ဥလေးတွေစားလိုက်ရင် ကြက်ကလေးတွေ အီပါရင်ပြန်ထွက်လာမှာလား? အဖိုးဆံပင်က မှင်ကုန်သွားလို့ဖြူလာတာလား? တစ်ရက်တစ်ရက်မေးခွန်းပေါင်းများစွာကို စဉ်းစားရင်း မေးရင်း အဖြေတွေရှာရင်းနဲ့ကုန်လာတယ်။ ဖြေပေးနိုင်တဲ့လူကြီးတွေ အဖိုးတွ အကိုတွေ အဒေါ်တွေ ဦးလေးတွေ ကိုအားကျတယ်။ သူတို့အများကြီးသိတယ်။ နောက်ဆုံး ကုန်ထမ်းတဲ့ဦးလေးကြီးတွေကအစ တရိစ္ဆာန်တွေ ငှက်တွေအကြောင်းဆို အကုန်သိပဲ။ စားလို့ရတဲ့အရွက်တွေ စားလို့မရတဲ့အသီးအပွင့်တွေဆို ဘယ်ဟာက ဘာဖြစ်တယ်အကုန်သိ။ စိတ်ဝင်စားစရာတွေကြီးပဲ။ တံမြက်စည်း ကိုယ်တိုင်လုပ်နည်း။ ကစားစရာတွေကိုယ်တိုင်လုပ်နည်း တွေကိုအကုန်သင်ရတယ်။ ဒါမှလဲဆော့ဖို့အတွက် အရုပ်ဆိုတာရှိတာကိုး။
ဒီဘက်ခေတ် ရောက်လာတဲ့အချိန်မှာတော့ ကျနော်တို့မေးချင်တာကို သိနိုင်မယ့်သူရှာပြီးမေးစရာမလိုတော့ဘူး။ ပျင်းနေရင် ကောင်းကင်တွေ တိမ်တွေကိုကြည့်စရာမလိုတော့ဘူး။ အရမ်းတတ်ချင်ရင်တောင် ဆရာခေါ်စရာမလိုတော့ဘူး။ screen တွေက ဘဝထဲမှာစပြီးနေရာယူလာပြီ။ internet ကြီးက အကုန်သိနေပြီ။ မေးစရာတွေကို တပည့်ခံစရာမလို အားကျစရာမလိုပဲ ကိုယ်က မွေးထဲက အကုန်သိသလိုလို လုပ်နိုင်ကြပြီ။ ဆရာဆရာမ ထက်ပိုတတ်တယ် ပိုသိတယ်ဆိုတဲ့ခေတ်ကိုရောက်လာကြပြီ။
ဒီလို အကုန်သိ generation လေးတွေက အရွယ်ရောက်လာတော့ ကျနော်တို့လို ၃၀ ကျော်တွေဆိုရင် အီးပေါလောတွေလို့ထင်လာကြတယ်။ အလကားလူကြီးတွေ ငါတို့လောက် အသုံးမကျလို့ ငါတို့လုပ်သလိုတောင်မလုပ်နိုင်ပဲနဲ့ဆိုတဲ့အမြင် ငါတို့ပြောသလိုပြောနိုင်လားဆိုတဲ့အကြည့် ငါတို့အောင်မြင်သလိုအောင်မြင်သလားဆိုတာ ခြေရာတိုင်းခြင်းတွေကိုလုပ်လာကြတယ်။ သူတို့လေးတွေတော်ပါတယ်။ ဒါပေမယ့် ရိုင်းသည်။ စကားအပြောအဆိုညံ့သည်။ universe ကြီးထဲမှာ အရာအားလုံးက သူတို့ကို ဗဟိုပြုပြီးလည်ပတ်နေသည်ဟုထင်သည်။ ကိုယ့်ကိုယ်ကို အထင်သိပ်ကြီးသည်။ Emotional အဖြစ်လွယ်သည်။ ကိုယ်လုပ်သလိုမလုပ်နိုင်သမျှလူတိုင်းကို အောက်ကျသည်ဟုကြည့်သည်။ internet အားကိုးနဲ့ မိုက်ကြေးခွဲကြသည်။
မတူညီသော ဘဝဖြတ်သန်းပုံနဲ့ လောကအမြင်ရှိခြင်းက နှိမ်စရာမဟုတ် အဂါရဝပြုစရာ (ိိdisrepect) မဟုတ်ပြီ။ ငါသိငါတတ်များအလုပ်ဝင်ရင် အဆင်မပြေတာများရခြင်းသည် လူ့သဘော လူ့သဘာဝများ လူမှုဆက်ဆံရေးများမကောင်းခြင်းနှင့် အကုန်သိ စိတ်ဓါတ်ကြောင့်သာများသည်။
အခုဖတ်နေတဲ့အထဲမှာ သင်က လူကြီးဖြစ် ၃၀ ကျော်များဖြစ်လျင်
ဒီလိုအကုန်သိလေးတွေကို နားလည်ပြီး ပူးပေါင်းနိုင်မယ့်နည်းလမ်းတွေကိုရှာပါ။ လျှစ်လျူရှုထားလိုက်ခြင်းက အဖြေမဟုတ်ပါဘူး။
ကိုယ်က ဥပမာကောင်း အဖြစ်နေထိုင်ပြီးလမ်းပြပါ။ သူတို့ချက်ချင်းဝန်မခံရင်တောင် ကိုယ့်ရဲ့ ကောင်းတဲ့ manner တွေက နောက်လူငယ်တွေအတွက် အတုယူစရာဖြစ်နေပါလိမ့်မယ်။
ကောင်းစွာနားထောင်ပေးပါ။ သူတို့လုပ်နေတဲ့လုပ်ရပ်ကိုသူတို့မသိတာလဲဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ရင်ဖွင့်စကားသံတွေကိုနားထောင်ပြီး နားလည်နိုင်ဖို့ကြိုးစားကြည့်ပါ။
နေ့စဉ်နဲ့အမျှ လေ့လာသင်ယူမှုတွေကိုအမြဲလုပ်ပါ။ အသစ်သင်ဖို့ပြောင်းလဲဖို့မကြောက်ပါနဲ့။ မဟုတ်ရင် မနေ့ကမှ အသစ်တစ်ခုသိလာတဲ့ ကလေးတွေရဲ့ အနှိမ်ကိုခံနေရလိမ့်မယ်။ ကိုယ်လုပ်ခဲ့တဲ့ နှစ်က ကိုယ်သိခဲ့တာတွေကိုမမြင်ပဲ ဒီအသစ်လေးမသိတာနဲ့ အနှိမ်ခံ ခြေရာတိုင်းခံရတာ မတန်ပါဘူး အဲ့တော့ပိုလေ့လာပါ။
အခုဖတ်နေတဲ့အထဲမှာ သင်က အကုန်သိ generation တစ်ယောက်ဖြစ်နေရင်
ပြည့်နေတဲ့ခွက်က ထပ်ဖြည့်လို့မရသလို အကုန်သိနေပြီးသားလူက သင်ယူလို့မရနိုင်ဘူးဆိုတာသတိရပါ။
ပြောတိုင်းယုံစရာမလိုပေမယ့် နားထောင်တတ်တဲ့အကျင့်လေးကိုမွေးပါ။
လူကြီးတွေလုပ်တာမှားနေခဲ့ရင် လှောင်နေမယ့်အစား constructive feedback ပေးပြီး suggession ပေးပါ။
လူတိုင်းလူတိုင်းမှာ ကိုယ်မသိသေးတာတွေသိနိုင်ခြေရှိတယ်ဆိုတာသတိရပါ။
ပညာတော်ခြင်းတစ်ခုတည်းကိုကြည့်ပြီး ပိုက်ဆံပိုရှာနိုင်တာတစ်ခုတည်းကိုကြည့်ပြီး ငါကအားလုံးထက်သာတယ်လို့ပြောလို့မရပါ။ နယ်ပယ်တစ်ခုမှတော်နိုင်ပေမယ့် ကိုယ်မသိတဲ့နယ်ပယ်တွေမှာ ကိုယ်မသိတဲ့အပိုင်းတွေသိနေနိုင်တာရှိကြောင်းလဲသတိရပါ။
ကျနော်တို့နိုင်ငံကလူအများစုက emotional အားနဲပါတယ်။ ဘာမှမဟုတ်ပေမယ့် မာန်လေးတွေကရှိတယ်။ အတ္တလေးတွေကကြီးတယ်။ ကိုယ်ကျင့်တရားလေးတွေက ပျက်ကြတယ်ဆိုတော့ အကြီးတွေကလဲ အငယ်တွေကို ကိုယ့်ညီအကိုမောင်နှမလေးတွေလိုသဘောထားပြီးခွင့်လွှတ်ရင်း သင်ကြားပေးပါ။ အငယ်တွေအနေနဲ့လဲ ကိုယ့်အထက်အကြီးတွေနဲ့လက်တွဲပြီိး ရလာတဲ့ပညာအသစ်တွေနဲ့ contribute လုပ်မယ်ဆိုရင် ဒီထက်ပိုပြီးရှေ့အများကြီးရောက်နိုင်ပါတယ်။
ဘယ်သူမှအကုန်သိတယ်ဆိုတာမရှိပါဘူး။ အဲဲ့ထဲမှာကျနော်လဲပါပါတယ်။ ကျနော်သိတာတွေကျနော်ပြောနေရင်တောင် ကျနော်မသိတာတွေကလဲ ရှိနေနိုင်တဲ့အတွက် အမှားပါရင်လဲ စေတနာအမှားသာဖြစ်ပါလိမ့်မယ်။
စေတနာများစွာဖြင့်
ကူညီနိုင်တာကူညီပါ
ကျနော်တို့ ဒီစာကိုဖတ်နေချိန်မှာ တချို့တွေ သဘာဝရေဘေးဒါဏ်ကြောင့် ဒုက္ခရောက်နေသူတွေအများကြီးရှိပါတယ်။
ကျနော်ကိုယ်တိုင်ကတော့ ဘုန်းဘုန် ဦးလှတော ( အရှင်ခေမာသိရိ ) စီမှာ လှူပါတယ်။ သေချာစီမံခန့်ခွဲပြီး တကယ်လိုအပ်တဲ့နေရာကိုတကယ်ရောက်အောင် ပို့ဆောင်လှူတန်းပေးနိုင်တဲ့ ဆရာတော်မို့ ဆရာတော်ကိုတိုက်ရိုက်ဆက်သွယ်လှူတန်းနိုင်ပါတယ်ခင်ဗျာ။
Thanks နော်
ကျေးဇူးကိုလပြည့်