လိမ်တာခံရရင်
တစ်ကြိမ် လိမ်တာခံရရင် ကိုယ်ညံ့လို့
တစ်ကြိမ် လိမ်တာခံရရင် ကိုယ်ညံ့လို့
ခဏ ခဏ လိမ်တာ ခံနေရတယ်ဆိုရင်တော့
ရှက်ဖို့အလွန်ကောင်းပါတယ်
အလိမ်လုံးဝမခံရအောင်နေရမယ်လို့ပြောတာမဟုတ်ဘူး
တစ်ကြိမ်ဆိုတာက တော်တော်များနေပြီလို့ဆိုလိုချင်တာ
ရှောင်လွှဲလို့ရလားဆိုတော့လဲ
ကိုယ့်ရဲ့ control အောက်မှရှိနေတဲ့အရာမှမဟုတ်ပဲ
လိမ်မယ့်သူဘယ်အချိန်လာမယ်ဆိုတာလဲကြိုမသိနိုင်ဘူးလေ
ရှောင်မရတိုင်းငြိမ်ခံနေရမယ်လို့မဆိုလိုဘူး
ဒုတိယအကြိမ်ဆိုတာမရှိလာအောင်ရပ်တန့်ဖို့ကတော့
ကျနော်တို့လက်ထဲမှာ control အပြည့်အဝရှိတယ်
စိတ်ထဲမှာစွဲနေအောင်မှတ်ထားရမှာက
ဘယ်သူမပြုမိမိမှုပဲဲဗျ
တစ်ယောက်ယောက်က ကိုယ့်ကို အရှူးလာလုပ်တယ်ဆိုရင်တောင်
အဲ့ဒါက သင်လုပ်ခွင့်ပေးလိုက်လို့ ဖြစ်လာတာပါ
သူတို့ အပြစ်ကြီးပဲတော့မဟုတ်ဘူး
လက်ခုပ်က ၂ ဖက်တီးမှ မြည်တာကိုး
ဒိီတော့ လုပ်ခွင့်ပေးလိုက်တဲ့သင်နဲ့လဲ
အများကြီးကိုဆိုင်တယ်
ဒီလိုဗျ
လိမ်ချင်တဲ့လူတွေဆိုတာ ဘယ်သူ့မှာ
ဘာအားနဲချက်ရှိလဲလို့လိုက်ရှာနေကြတာ
လိမ်ချင်တဲ့လူတွေက
စိတ်ခိုင်မာတဲ့သူတွေနားမှာ နေကိုမနေဘူး
သူတို့လုပ်လို့မရမှန်းသူတို့သိတယ်
ပြောရမယ်ဆိုရင် လွယ်လွယ်နဲ့
ယုံကြည်မှုမပေးမိစေနဲ့ပေါ့ဗျာ
ယုံလွယ်တဲ့သူက အမှားပဲပေါ့
အပေါ်မှာ ရှက်ဖို့ကောင်းတယ်လို့ဆိုပေမယ့်
အဲ့လိုခံစားရတာကြီးက မကောင်းဘူးလေနော်
ဒါကြောင့် သင်တစ်ယောက်ယောက်ကို
ယုံကြည်တော့မယ်ဆိုရင် ပုံအပ်တော့မယ်ဆိုရင်
နဲနဲလေးလောက် ဘရိတ်အုပ်ပြိီီး
နဲနဲစောင့်ကြည့်စေချင်တယ်ဗျ
လိမ်ညာတဲသူတွေမှာ
တူတဲ့အချက်လေးတွေရှိကိုရှိတယ်
သေချာသတိထားပြီး တူတာလေးတွေရှာဖို့က
သင့်ရဲ့တာဝန်သာဖြစ်တယ်
သူတို့ အလိမ်မခံရအောင် သင့်ကိုယ်သင်
Personal Boundaries တွေတည်ဆောက်ရမယ်
ကိုယ့်အကန့် ကိုယ့်အထာဆိုတာထားရမယ်
သန်မာ ပြတ်သားတဲ့စိတ်ကို တည်ဆောက်ရမယ်
လွယ်လွယ်နဲ့ မယုံတဲ့ သူအဖြစ်နေရတယ်
ဒါတွေလုပ်လိုက်ရင် ဘယ်သူမှ လာပြီး အရှုးလာလုပ်လို့မရတော့ဘူးဗျ
လိမ်မယ်သူတွေလဲ သင့်ကို ဘေးမဲ့ပေးလာလိမ့်မယ်
လူလိမ်ဆိုတာ ဂျိုပါတာမဟုတ်တော့ ဘယ်သူလဲမသိနိုင်တာမို့
ကိုယ့်ကိုယ့်ကို ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ
အချစ်ရေးမှာဖြစ်ဖြစ်
စီပွားရေးမှာဖြစ်ဖြစ်
အလုပ်ခွင်မှာပဲဖြစ်ဖြစ်
မကောင်းတဲ့စိတ်နဲ့လာတဲ့လူတွေဆိုတာရှိနိုင်ပါတယ်
လူကြောနပ်ဖို့ လူရည်လည်ဖို့ဆိုတာ
လူကြားထဲမှာ နေတဲ့သူတိုင်အတွက် မရှိမဖြစ် skill ပါ
သူများက ကိုယ့်ကို ချယ်လှယ်တာမခံရအောင်
ကိုယ်တိုင်က သန်မာတဲ့စိတ်ရှိနေဖို့ လိုအပ်တယ်
မျက်စိ နား နဲ့ သတိတွေကို အမြဲဖွင့်ထားပြီး
ယုံလွယ်သူမဖြစ်ဖို့ နိုးဆော်လိုက်ပါတယ်ဗျာ
စေတနာများစွာဖြင့်
September လရောက်ပါပြီ
၂၀၂၃ က ၈ လကုန်သွားခဲ့ပြီ ပြီးခဲ့တဲ့ ၈ လမှာ
ဘာတွေသင်ယူခဲ့လဲ ဘာတွေတိုးတက်လာလဲ?
ကျနော်တို့ MoonBase ထဲလူတွေကတော့
တစ်ပတ်မှာ အသစ်တစ်ခုတော့ အမြဲတမ်းသင်ယူနေပြီးတော့
လစဉ်နဲ့အမျှတိုးတက်နေကြတာဗျ
ဒီတော့ သင်လဲ ဒီတိုင်းအချိန်တွေကုန်ပြီး တစ်လကုန်လို့
ဘာမှ တိုးတက် မလာတာကို ရပ်တန့်ချင်တယ်ဆိုရင်
ဒီနေ့ပဲ MoonBase Community ကို join လိုက်ပါခင်ဗျာ
MoonBase September Admission ဖွင့်နေပါပြီ
၉ ရက်နေ့မှာ event တွေစပါမယ်
ဒီလအတွက် topic တွေကတော့
Monk Mode
Stay Positive In Negative Situation
Unlocking Your Time
Personal Development With Ai
အချိန်ကောင်းက အခုပါပဲ ထပ်ပြီမစောင့်ပါနဲ့တော့ဗျ
see you at moonbase
Free Stuff this week
ဒီတစ်ပတ်အတွက် free stuff ကတော့
power of now ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်
spiritual စိတ်ဝင်စားသူတိုင်း ဖတ်သင့်တဲ့
စာအုပ်ကောင်းတစ်အုပ်ပါ
Telegram မှာတင်ထားပေးပါတယ်ဗျ

