စဉ်းစားကြည့်ဖူးလား ငါတော့ 9 to 5 လုပ်နေတဲ့အလုပ်ကြီးကိုထွက်ပြီး ငါဝါသနာပါတာတွေပဲ လုပ်တော့မယ်ကွာလို့။ ကိုယ်မကြိုက်တဲ့အလုပ်ကြီးလုပ်နေရတာထက်စာရင် ကိုယ်ကြိုက်တာတွေလုပ်ရင်း ပိုက်ဆံရနေရင်ကောင်းမယ်လို့တွေးကြည့်ဖူးလား? လွတ်လွတ်လပ်လပ်နေပြီး ခရီးတွေသွား သင်ယူမှုတွေလုပ်ရင်း ဒီထက်ပိုကောင်းတဲ့ဘဝကြီးမှာမင်းနေထိုင်လို့ရတယ်ဆိုတာကို ကျနော်တို့ရဲ့ နှလုံးသားတွေက မကြာခဏ ပြောလေ့ရှိပါတယ်။
ဒါပေမယ့်.......
ဘယ်ကစပြီးဘာလုပ်ရလဲ? ငါလုပ်လိုက်လို့ကျရှုံးသွားခဲ့ရင် အလုပ်မဖြစ်ရင် သူငယ်ချင်းတွေ အမျိုးအဆွေတွေက လှောင်ရယ်ကြရင် ငါဘယ်လိုလုပ်မလဲ? စတဲ့ ဒါပေမယ့် ပေါင်းများစွာက ကျနော်တို့ကိုတားဆီးနေကြတာအမှန်ပါပဲ။
လက်တွေ့ကျတာကိုစဉ်းစာကြည့်ရင် လုပ်ပြီးကျရှုံးဖို့အတွက် တော့ဘယ်သူမှမဖြစ်ချင်တာကအမှန်ပဲ။ ဒီတော့အရဲလဲစွန့်မယ် အကျလဲမနာအောင်ဘာလုပ်လို့ရမလဲဆိုတဲ့မေးခွန်းက မေးကြည့်သင့်တဲ့မေးခွန်းဖြစ်တယ်။
တကယ်တော့ လက်ရှိအလုပ်ကိုလုပ်ရင်း ကိုယ်ဝါသနာပါတာတွေကိုလဲလုပ်လို့ရတယ်ဗျ။ ဒီလိုလုပ်လို့ရတယ်ဆိုတဲ့ လက်တွေ့ example က ကျနော်ပဲ။ ကိုယ်တိုင်က spade solution company ကိုဦးစီးပြီး Brand Strategist အနေနဲ့ တစ်ရက်ကို ၄ နာရီလောက်အလုပ်လုပ်တယ်။ တစ်ခြားတစ်ဖက်မှာလဲ ကိုယ့်တိုင်းပြည်က လူငယ်တွေ Higher Education တွေကို လက်လှမ်းမမှီတဲ့သူတွေကို ကိုယ်သိတဲ့ အသိပညာ အတတ်ပညာတွေ မျှဝေရင်းနဲ့ သူတို့ကို ကူညီနိုင်ဖို့ MoonBase Community ကိုလဲတည်ထောင်ထားသေးတယ်။
လွယ်သလားမေးရင် အမှန်အတိုင်းပြောပြမယ် မလွယ်ဘူး Strategy တွေ resilience တွေ အပြင် အမှန်တရားခါးခါးတွေကိုလဲရင်ဆိုင်ရတယ်။ ဒါပေမယ့် အသီးအပွင့်တွေရလာချိန်မှာတော့ ဝမ်းသာစရာကြီးပါပဲ။
နှစ်ပေါင်းများစွာ အလုပ်လုပ်လာပြီးတဲ့အခါမှာ သိလာရတာကတော့ ဝါသနာပါတဲ့အလုပ်လုပ်ဖို့ဆိုတာ စိတ်ကူးနဲ့ လက်တွေ့ကို ပေါင်းကူတံတားထိုးပြီး ညီမျှမှုရှိနေအောင် အမြဲလုပ်နေရတာပဲဲ။ ဒီလိုလုပ်ဖို့အတွက် ကျနော့်မှာ ဘယ်တော့မှ မဖောက်ဖြတ်တဲ့ ဥပဒေ ၃ ခုထားထားတယ်။
Rule Number 1 - အခြေခိုင်အောင်တည်ဆောက်
တော်တော်များများ Internet ပေါ်ကသူတွေကတော့ သူတို့ဘယ်လိုအရဲစွန့်ပြီးအလုပ်ထွက်လိုက်ပြီး ဝါသနာနောက်ကိုလိုက်လိုက်တာ ဘယ်လိုတောင်အောင်မြင်သွားတယ်ဆိုပြီးပြောတာတွေ့ဖူးမယ်ထင်တယ်။ ဒါမေမယ့် အဲ့ဒါ ၁၀၀၀ မှာ ၃ ယောက်လောက်ပါပဲ။ ကျရှုံးသွားတဲ့သူတွေက ပါးစပ်ပိတ်နေတာမို့ မသိရတာပါ။ တကယ်တော့ ဝါသနာပါတာကိုလိုကဖို့က အရေးကြီးပေမယ့် စားဝတ်နေရေးအတွက် မသေချာပဲ အရဲစွန့်တာတော့ လောင်းကစားဆန်ပါတယ်။ အဲ့လိုမျိုးကိုတော့ဘယ်တော့မှအားမပေးပါမယ်။
အရင်ဆုံးကိုယ့်အတွက် စားဝတ်နေရေးလုံခြုံမှုပေးနိုင်တဲ့ အခြေခံဝင်ငွေတစ်ခုအရင်တည်ဆောက်ရပါတယ်။ အပင်တစ်ပင်လိုပြောရမယ်ဆိုရင် ဝါသနာကနေ ဝင်ငွေဖြစ်လာဖို့အတွက် စိုက်ပျိုးမြေဖြစ်တဲ့ primary income တစ်ခုလိုပါတယ်။ ဒါမှလဲ အိမ်မက်တွေ ကြီးထွားရှင်သန်ပြီး အသီးအပွင့်ရဖို့ဆိုတာဖြစ်နိုင်တာပါ။ Primary income က ကိုယ်ကြိုက်တဲ့အလုပ်ဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့် အဲ့ကနေရလာတဲ့ဝင်ငွေနဲ့မှ ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမှာမို့ သည်းခံတည်ဆောက်ထားမှကိုရမယ်။ မဟုတ်ရင် ဝါသနာကနေ ပိုက်ဆံမရသေးခင်မှာ အလုပ်မဖြစ်ဘူးဆိုပြီးလက်လျော့မိသွားနိုင်တယ်။
Rule Number 2 - ၂ ဆဝင်မှ အလုပ်ထွက်
တော်တော်များများလူတွေမှားကြတဲ့နေရာလို့ပြောလို့ရတယ် ဝါသနာပါတဲ့အလုပ်ကိုလုပ်လို့ ငွေလေးနဲနဲဝင်ပြီဆိုတာနဲ့ primary income ရတဲ့အလုပ်ကိုစွန့်သွားကြတယ်။ ဒါဟာတကယ်တော့ လက်တွေ့မကျဘူးဆိုရမယ်။ နဲနဲဝင်နေတာကနေ ရပ်သွားနိုင်တဲ့အခြေအနေလဲရှိတာမို့ ကိုယ်လုပ်နေတဲ့လက်ရှိအလုပ်က ကိုယ့်ကို ထောက်ပံ့ပေးထားမှအဆင်ပြေနိုင်တာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ဝါသနာကနေ ဝင်ငွေရလာတဲ့အလုပ်က primary income ထက် ၂ ဆရှိပြီဆိုမှအလုပ်ကိုထွက်ပါ။
Rule Number 3 - မပြီးခင်မကြွားနဲ့
အခုခေတ်ကြီးကိုက အကြွားသန်ဟန်လုပ် အထင်ကြီးခံချင်တာများတဲ့ခေတ်ကြီးဗျ။ တစ်ခုခုလုပ်ပြီးတိုင်း လူတွေကိုပြလိုက်တော့မှ ကိုယ်တကယ်ပြီးတယ်လို့ထင်နေကြတယ်။ တကယ်တော့ လူတွေသိဖို့ထက် ကိုယ်တိုင်သိဖို့ result အနေနဲ့ ငွေတွေတကယ်ဝင်လာပြီး တကယ်သုံးရဖို့ စိတ်ကြေနပ်မှုရဖို့ကပိုအရေးကြီးတယ်။ Neuroscience အရ စာအုပ်တစ်အုပ်ကိုဖတ်ပြီးလို့ရမယ့် ကျေနပ်မှုကို စာအုပ်ဖတ်နေကြောင်း လိုင်းပေါတင်လိုက်လို့ လူတွေ like ပေးတာကိုရတဲ့ ကျေနပ်မှုကတူနေနိုင်တာမို့ စာအုပ်ဖတ်နေတာကိုပြပြီး စာအုပ်တကယ်ပြီးအောင်မဖတ်တဲ့သူတွေများပါတယ်တဲ့ဗျ။ ဒါကြောင့်စာအုပ်မှမဟုတ်ဘူး ကိုယ့်ရဲ့ ဝါသနာကနေ ဝင်ငွေရတဲ့အလုပ်ကိုလဲ လူတွေကိုလိုအပ်သလောက်ပဲပေးသိပြီး မလိုအပ်တာတွေ အထင်ကြီးခံရဖို့တွေမှာအားမထုတ်မိပါစေနဲ့မိတ်ဆွေ။ စီပွားရေးလုပ်ပြီဆိုရင် information လုံခြုံမှုကလဲအရေးကြီးပါတယ်။ ကိုယ်ထက် ပိုပြီး အရင်းအနှီးများတဲ့သူတွေက ကိုယ့်ထက်သာအောင်အချိန်မရွေးထလုပ်သွားနိုင်တာမို့ ကိုယ်လုပ်နေတာတွေ ရနေတာတာတွေကို အကုန်မပြောသင့်ပါဘူး။ အထူးသဖြင့် ကိုယ့်မှာပြိုင်ဘက်တွေကိုအလဲထိုးနိုင်တဲ့ strategy မရှိသေးခင်မှာ ပိုလို့တောင် မပြောသင့်ပါဘူးမိတ်ဆွေ။
ဒီတော့ လိုက်နာရမယ့် Rule ၃ ခုကတော့သိပြီ ဘယ်ကစရမလဲ မသိတဲ့သူတွေအတွက် step by step guide လေးကျနော်ပေးပါမယ်။
Step 1 - ငါ့မှာပိုက်ဆံရနိုင်တဲ့ ဝါသနာ ဘာရှိလဲ
ကိုယ့်ကိုယ်ကိုအရင်မေးကြည့်ဖို့လိုတယ်
ငါဘာတွေလုပ်ရတာသဘောကျလဲ? - ငါဘာတွေလုပ်နေရရင် အချိန်ကုန်မှန်းမသိကုန်သွားလဲ? ငယ်ငယ်ထဲက ဘယ်နေရာတွေမှာဆိုငါက ထူးချွန်လဲ?
ငါဘာပြဿနာတွေရှင်းတတ်လဲ? - ငါ့မှာအခုရှိနေတဲ့ knowledge နဲ့ skill တွေက ဘယ်သူတွေကိုကူညီပေးနိုင်လဲ? ဘာပြဿနာတွေကိုဖြေရှင်းရင်း ပိုက်ဆံရနိုင်လဲ?
ငါစိတ်ဝင်စားတဲ့အရာတွေထဲမှာ ဘာအခွင့်အလမ်းရှိသလဲ? - ငါ့အခုစိတ်ဝင်စားလို့လေ့လာနေတဲ့အရာတွေထဲမှာ ဘာအလုပ်တွေ အခွင့်အလမ်းတွေရှိသလဲဲ? သေချာ research လုပ် လေ့လာ အကြံထုတ်
Step 2 - ငါလိုချင်တာဘယ်လိုမျိုးလဲ
ဘာလိုချင်မှန်းသေချာမသိရင် ကိုယ့်ကိုယ်ကိုမရိုးသားရင် စိတ်ချမ်းသာမှုဆိုတာရဖို့ခက်တယ်။
ကိုယ်နေချင်တဲ့ lifestyle ကဘယ်လိုလဲ? - ကိုယ့်ရဲ့အောင်မြင်တဲ့တစ်နေတာဆိုတာ စိတ်ချမ်းသာတဲ့တစ်နေ့တာဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ? ကိုယ့်ရဲ့ဝါသနာကနေ ဝင်ငွေရတဲ့အလုပ်ကိုရော တစ်ရက်ကိုဘယ်လောက်အချိန်ပေးလုပ်မှာလဲ?
သူများတွေနဲ့မတူတာကဘာလဲ? - တခြားလူတွေနဲ့မတူပဲ ကိုယ်က ဘယ်လိုမျိုး product or service ကိုပေးမှာလဲ? ပြိုင်ဘက်တွေထက် customer တွေက ဘာလို့ကိုယ့်ကို ရွေးချယ်ရမှာလဲ?
Step 3 - အရေးကြီးတာကိုအရာပေး
အပိုဝင်ငွေရချင်ရင် အပိုလုပ်တာတွေလျော့ပြီး အရေးကြီးတာတွေကိုအချိန်ပေးရတယ်။
တိကျတဲ့အချိန်သတ်မှတ် - ဝါသနာပါတဲ့အလုပ်ကို part time job အနေနဲ့သဘောထားပြီး အလုပ်ဝင်ချိန် အလုပ်ပြီးချိန်သတ်မှတ်ထားမှကိုရမယ်။
Milestone လေးတွေထား - ရေရှည်လုပ်သွားဖို့အတွက် အလုပ်မို့လို့ ဘယ်လောက်အခြေအနေမှာ ဘာပြီးအောင်လုပ်မယ် ဘာရအောင်လုပ်မယ်ဆိုတာကို သေချာသတ်မှတ်ထားဖို့လိုတယ်။
Step 5 - Time နဲ့ energy ကို master ဖြစ်အောင်လုပ်
အလုပ်ကြိုးစားရမှာတော့မှန်ပေမယ့် ကျန်းမာရေးတွေလူမှုရေးတွေကလဲလိုသေးတာမို့
Priority ခွဲတတ်ဖို့လိုတယ် - လိုတာတွေကိုလုပ်ဖို့အချိန်ရှာပြီး မလိုတာတွေ ကိုယ့်ရည်မှန်းချက်နဲ့မကိုက်တာတွေကိုငြင်းထုတ်တတ်ဖို့အရေးကြီးတယ်။
အနှောက်အယှက်တွေရှင်း - ကိုယ်အလုပ်လုပ့်မယ့်အချိန် နှောက်ယှက်လာနိုင်တဲ့ notification တွေ လူတွေကအစ အကုန်ရှင်းထားနိုင်မှရမယ်။
Step 6 - လိုတာတွေကိုသင်ယူ
လိုတာတွေကိုသင်ယူနိုင်မှ လိုချင်တဲ့နေရာကိုရောက်နိုင်တယ် ဒါကြောင့်
ပညာရေးမှာ ရင်းနှီးမြှပ်နှံဖို့ မကြောက်နဲ့ လိုအပ်တဲ့သင်တန်းတွေတက် စာအုပ်တွေဖတ်ပြီး လက်တွေတကယ်အသုံးချ
ကိုယ်ထက်တော်တဲ့သူတွေရဲ့အကူအညီယူ ဖို့လဲ လက်မတွန့်နဲ့ Mentor တွေစီကနေ သင်လိုက်တာက အချိန်ကုန်ပိုသက်သာတယ်
စမ်းသပ်ကြည့်ဖို့မကြောက်နဲ့ သင်ထားတာတွေကိုစမ်းကြည့်မှအလုပ်ဖြစ်မဖြစ်ကသိမှာမို့ မဖြစ်မနေစမ်းသပ်ကြည့်ဖို့လိုတယ်။ အလုပ်ဖြစ်တာတွေကိုဆက်လုပ်ပြီး မဖြစ်တာတွေကိုရပ်လိုက်ဖို့လိုတယ်။
Step 7 - Monetize လုပ်ဖို့မရှက်နဲ့
မရောင်းတဲ့ပစ္စည်းကို ဘယ်သူကမှ ပိုက်ဆံပေးပြီးဝယ်လို့မရဘူး
ကိုယ်ရောင်းနေတာကိုလူတွေသိဖို့လိုတယ် ကိုယ့်ရဲ့ product or service အကြောင်းကိုလူတွေကိုပြောပြဖို့မရှက်နဲ့
စျေးစကားမပြောတတ်သရျ် စျေးအရောင်းအဝယ်မဖြစ်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့ product or service ကဘယ်လောက်တန်တယ်ဆိုတာကို ရဲရဲဝင့်ဝင့်တောင်းရဲ ပြောရဖို့အရေးကြီးတယ်
အလကားပေးရင်း အလကားမဖြစ်စေနဲ့ - ကိုယ့်ကိုလူတွေသိလာအောင် အလကားပေးပြီးရင် တစ်ခုခုရအောင်ပြန်ယူ review ဖြစ်ဖြစ် feedback ဖြစ်ဖြစ် email address ဖြစ်ဖြစ် အဖတ်တင်အောင်ပြန်ယူတတ်ဖို့လိုတယ်။ မဟုတ်ရင် လူတွေက လိုသုံးအနေနဲ့ အလကားရရင်လာယူပြီး ပိုက်ဆံပေးရမယ်ဆိုပြေးသွားလိမ့်မယ်။
ကဲ့ဒီလောက်ဆိုရင်တော့ ဘာတွေလုပ်ရမယ် ဘယ်လိုလုပ်ရမယ်သိပြီဆိုတော့ ကျန်တာကတော့ Rollarcoaster စီးသလိုပဲ အတက်အကျ အချိုးအကွေ့တွေကိုရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့ ပိုကောင်းပိုတော် ပိုဝင်ငွေကောင်းလာဖို့ပဲရှိတော့တာမို့
မိတ်ဆွေရဲ့ ဝါသနာကနေ ဝင်ငွေတွေ အများကြီးဝင်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ
အကယ်ရျ် ကိုယ့်မှာ ဝါသနာတွေရှိတယ် ဝင်ငွေ တည်ဆောက်တဲ့အခါ အခက်အခဲဲကြုံနေရတယ်ဆိုရင် ကျနော်နဲ့ one on one coaching ယူပြီးတိုင်ပင်ဆွေးနွေးလို့ရပါကြောင်းပြောရင်း နှုတ်ဆက်ပါတယ်ခင်ဗျာ
စေတနာများစွာဖြင့်
MoonBase 2.0 is over
ကျနော် MoonBase Community လေးကို run ခဲ့တာ 2 Year ပြည့်ခဲ့ပါပြီ ရာပေါင်းများစွာသော လူငယ်တွေကို ကူညီပေးခွင့်ရတဲ့အတွက် ဝမ်းသာရပါတယ်။ MoonBase 3.0 ကိုနောက်လမှာ ရင်ခုန်စရာအသစ်တွေ စျေးနှုန်းအသစ်တွေနဲ့စတင်တော့မှာမို့ သင်သာ တကယ်ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပြီဆိုရင် ကျနော်တို့ MoonBase Community ကိုလာရောက် join ဖို့ဖိတ်ခေါ်ပါတယ်နော် 🚀
Thanks a lot for your sharing 🙏🙏🙏
အများကြီးအထောက်အကူဖြစ်ပါတယ်