ကျနော်တို့ဒီဘက် Digital ခေတ်ကြီးမှာ နည်းပညာတွေဟာနေ့စဉ်နှင့်အမျှ အသစ်တွေထွက်တယ် ကြည့်စရာ သတင်းတွေကလဲမဆုံး နေတော့ နေ့ရက်တွေဆိုတာ အမြဲလိုလို information တွေနောက်ကို အမှီလိုက်နေရသလိုဖြစ်နေတယ်ဆိုရင် အဲ့ဒါသင်တစ်ယောက်တည်းတော့မဟုတ်ဘူးမိတ်ဆွေ။
လောကမှာ ဘယ်အရာမှ နဲရင်လဲမကောင်းဘူး များရင်လဲမကောင်းဘူးဆိုတာရှိတယ်။ သတင်းအချက်အလက်တွေဆိုတာလဲဒီတိုင်းပါပဲ။ Social media တွေပေါ်လာပြီးနောက်ပိုင်း အချိန်နဲ့ တပြေးညီ လူတွေနဲ့ဆက်သွယ်ပြောဆိုလာနိုင်တယ်။ လိုချင်တာတွေကို အလွယ်တကူရှာဖွေနိုင်တယ်။ tools အသစ်တွေက အလုပ်များများကို အချိန်နဲနဲနဲ့ ပြီးအောင်လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ... အကောင်းနဲ့အဆိုးဆိုတာ ဒွန့်တွဲနေတာဆိုတော့ ကျနော်တို့တွေဟာ ဒီအသစ်ထွက်တာတွေကိုလွတ်မှာစိုးတဲ့စိတ် FOMO တွေရလာကြတယ်။
FOMO ဆိုတာ Fear of Missing Out ကိုပြောတာပါ။ လွတ်သွားမှာစိုးတဲစိတ် မသိလိုက်ရမှာ စိုးတဲ့စိတ် ကျန်ခဲ့မှာစိုးတဲ့စိတ်လို့ပြောလို့ရတယ်။ တကယ်တော့ အဲ့နောက်တွေကိုလိုက်နေရတာပင်ပန်းတယ်။ ဘယ်အချိန်မှာ ငါက ဒီနေ့အဖို့တော့ လုံလောက်ပြီလို့မသိရင် မရပ်နားနိုင်တဲ့ မဆုံးနိုင်တဲ့ social media ရဲ့ newsfeed မှာပဲ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်အားလုံးဟာ ကုန်ဆုံးသွားနိုင်တယ်။ ကိုယ့်ကိုယ်ကိုတော့ မသိပေမယ့် အဲ့လိုအချိန်ကုန်သွားတဲ့သူတွေဟာ အရင်ကထက် စိတ်ပိုတိုလာတာမျိုးရှိတယ်။ အချိန်ဖြုန်းခဲ့တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ကနေလာတဲ့ဒေါသပေါ့ဗျာ။
ဒီတော့ ဘယ်အချိန်မှာ Enough ဆိုတာကိုသိဖို့ဆိုရင် ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့ သိဖို့လိုတယ်ဗျ။
ငါဘာတွေကိုတန်ဖိုးထားလဲ ဘယ်အရာတွေက ငါ့အတွက် အရေးကြီးလဲ?
ငါကြည့်နေတဲ့ အရာတွေက ငါလိုချင်တဲ့ဘဝကိုရစေမယ့် အကျိုးပြုမယ့် အရာတွေထဲမှာရောပါသလား?
ဒီအချက်အလက်ဆိုတာတွေကိုသုံးပြီးတော့ အကျိုးရှိအောင်လုပ်လို့ရတာဘာရှိလဲ?
ဒီမေးခွန်းတွေကိုမေးကြည့်သင့်ပါတယ်။
ကျနော်ကိုယ်တိုင်လဲ screen အရမ်းကြည့်ရတဲ့အလုပ်ကိုလုပ်တာဆိုတော့ screen time ကတော့များတယ်။ ဒီတော့ မကြာမကြာ ကိုယ့်အတွက် အကျိုးမရှိတာတွေ ပေါ်လာအောင် လုပ်ယူရတယ်ဗျ။
အထူးသဖြင့်
အကျိုးမရှိတဲ့ မဖတ်ဖြစ်တဲ့ email တွေ ခဏခဏ မဝင်လာအောင်ရှင်းတာ
အတင်းအဖျင်းနဲ့ မဟုတ်တာတွေတင်နေတဲ့ account တွေကို block တာ
မလိုအပ်တဲ့ Apps တွေရဲ့ Notification ကိုပိတ်တာ တွေလုပ်ရတယ်
မသုံးပဲ နေလို့မရတဲ့သူတွေဆိုရင်တော့ သုံးရင် အကျိုးမရှိတာတွေ မတက်လာအောင် မဝင်လာအောင် မနှောက်ယှက်နိုင်အောင်လုပ်တာကအကောင်းဆုံးပဲ။
ကျနော်ရဲ့ FB တွေ Messenger တွေ Instagram တွေ Telegram တွေဆိုရင် အကုန်လုံး Notification ပိတ်ထားတာ။ comment တစ်ခုဝင်လာတိုင်း Like တစ်ခုလုပ်တိုင်း share တစ်ခုလုပ်တိုင်းသာ ဝင်ကြည့်နေရင် ထမင်းတောင် စားရမှာမဟုတ်ဘူး။ 😄
ဒါကို Digital Managment လို့ ကျနော်တော့ နာမည်ပေးထားတယ်။
အနှောက်အယှက်တွေမရှိတော့ဘူးဆိုရင်တော့ လုပ်စရာအလုပ်တွေကိုပိုပြီးဖို့အတွက် Timeblocking method သုံးပြီး ဘယ်အချိန် ဘာလုပ်မယ်ဆိုတာသတ်မှတ်တယ်။ အဲ့အချိန်ပြီးတာနဲ့ မျက်လုံးကိုအနားပေးတယ်။ ဒါကြောင့်လဲ အခုထိ computer အရမ်းသုံးပြီး မျက်မှန်တပ်ဖို့မလိုတာနေမယ်။
offline activity တွေကို များများ enjoy လုပ်နိုင်ဖို့ကလဲလိုတယ်။ အပြင်မှာ လမ်းလျှောက်ထွက်တာ စျေးဝယ်တာ တွေကလဲ ကျနော်တို့ရဲ့ creativity နဲ့ thought process ကိုအားကောင်းစေတယ်။
ဒါကြောင့်မို့ မိတ်ဆွေတို့လဲ နေ့စဉ်ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။
“ငါဒီနေ့ များနေပြီလား နဲနေပြီလား?”
လိုတိုးပိုလျော့လုပ်ခြင်ဖြင့် အောင်မြင်ကျန်းမာစိတ်ချမ်းသာသော ဘဝများရရှိပိုင်ဆိုင်ပါစေခင်ဗျာ။
စေတနာများစွာဖြင့်
My Mind
နိုးလာရင် ဖုန်းတန်းကိုင်တဲ့အကျင့်ရှိရင် ဒီ apps က ကောင်းတယ်ပြောရမယ်
Social media ပွတ်နေသလိုခံစားရပေမယ့်
ကိုယ်က ကောင်းပေ့ဆိုပြီးရွေးထည့်ထားတဲ့ post တွေ
Image တွေ notes တွေကိုScroll လုပ်ပြီးကြည့်လို့ရနေမှာဆိုတော့
ဘာပဲပြောပြော ကိုယ်မိုက်တယ်ဆိုပြီးSave ထားတဲ့ post တွေကို
အရင်ထက်ပိုဖတ်ဖြစ်သွားတယ် Apps နာမည်က My Mind လို့ခေါ်တယ်
အကြိုက်ဆုံး feature ကတော့ Ai Image Recognition ပါ။
ကိုယ်က အစွန်အဖျားလေးပဲမှတ်မိရင်တောင် ပုံထဲမှာပါနေတဲ့ စာတွေကအစ
ပြန်ရှာလို့ရတယ် ဒီမှာစမ်းသုံးကြည့်ပါခင်ဗျာ
ပန်းသီးရော စက်ရုပ်ပါရပါတယ်