Ai နဲ့ မြန်မာအနာဂတ်
the future is now
ကျနော်တို့မြန်မာတွေက ခေတ်တွေကို ခုံ့ပြန်ကျော်လွှားအရမ်းလုပ်ရကြတယ် ။ Internet စပြီးသုံးလို့ရတော့လဲ Cable တွေ Dial up တွေကိုကျော်ပြီး Mobile Internet နဲ့ တစ်နိုင်ငံလုံးကိုပေးလိုက်တဲ့အခါ Mobile Internet ခေတ်ကိုတန်းရောက်လာကြတယ် ။
Ai တွေပေါ်လာတော့လဲ ကိုယ့်ဘာသာစကားနဲ့မရလို့ တိုင်ပတ်ပြီး ကိုယ်တိုင်ထွင်ဖို့ကြိုးစားနေတဲ့သူတွေ အကောင်အထည်မပေါ်လာခင်မှာပဲ GPT-4o က ကျနော်တို့မြန်မာစာကို တော်တော်လေးမှန်အောင်လုပ်ပေးလိုက်တာကိုတွေ့ရတယ် ။
ဒီပြောင်းလဲမှုက ကျနော်တို့တွေ ကမ္ဘာကြီးပေါ်က ပညာရပ်တွေကိုလေ့လာဖို့ Language barrier တစ်ခုလျော့ကျသွားစေတယ်ဗျ။ အဲ့ဒါနဲနဲနောနော barrier မဟုတ်ဘူး။ မြန်နှုန်းမြင့်လေ့လာမှုတွေကို အချိန်တိုအတွင်းကိုလုပ်သွားနိုင်တော့မှာဗျ။
GPT-4o နဲ့ API သုံးတဲ့နည်းလမ်း
API ဆိုတာက ကျနော်တို့အင်မတန်အသုံးဝင်တဲ့ အရာတစ်ခုပါ။ လစဉ် $20 ပေးပြီးသုံးဖို့မလိုတဲ့နည်းကိုလဲ ကျနော်မျှထားတာမဖတ်ရသေးရင် ဒီမှာဖတ်ကြည့်ပါဗျ။ video တော့မကြာခင်လာပါမယ်။ API သုံးရအတွက် developer tools တွေကိုသုံးတတ်ဖို့တော့လိုပါတယ်။ API ကို သေချာသုံးတတ်ဖို့ programming languange တွေဖြစ်တဲ့ Python နဲ့ JavaScript တို့သာရမယ်ဆိုရင် တော်တော်ကို powerful ဖြစ်တဲ့နည်းတွေနဲ့သုံးလို့ရပါတယ်။
အခုမှစပြီးလေ့လာမယ်ဆိုရင်
AI နဲ့ ပတ်သက်ပြီး မြန်မာရဲ့အနာဂါတ်က စိတ်ဝင်စားစရာတွေရှိပါတယ်။ ကျနော်တို့ဘာတွေသင်ထားလေ့လာရမလဲဆိုတော့
AI algorithms,
machine learning,
data science နဲ့
cloud computing တို့ပဲဖြစ်ပါတယ်။
computer အခြေခံ network တွေအလုပ်လုပ်ပုံနဲ့ Python, R, SQL တို့လို programming languages တွေလည်းတတ်ပြီး AI model တွေအသစ်ထွက်တာတွေကိုစမ်းသပ်ကြည့်နေဖို့လိုပါတယ်။ ဒီအချိန်က သင်တန်းရယ်လို့တတ်လို့ကောင်းတဲ့အချိန်လို့ မထင်သေးပါပြီး early stage ဆိုတော့ အားလုံးက ယောင်ဝါးဝါးစမ်းနေကြတဲ့သူတွေကြီးပါပဲ။ ကျနော်အပါအဝင်ပါပဲဗျ။
ကိုယ်ရေးသတင်းအချက်အလက်တွေကိုသတိထားပါ
ကိုယ်နာမည် ကိုယ်ရှာလို့ရတာမပျော်နေပါနဲ့ search engine ကနေ ရှာရင် ထွက်တဲ့ information တွေလောက်ပဲသိနေတာပါ။ AI ကိုအသုံးပြုတဲ့အခါ ကိုယ်ရေးသတင်းအချက်အလက်ကို အထူးဂရုပြုဖို့အရေးကြီးပါတယ်။ ကိုယ့်အကြောင်းတွေအရမ်းမပြောပြပါနဲ့ အထူသဖြင့် ခံစားချက်တွေ နာမည်တွေပါတာတွေ journal တွေကို Ai ကို မထည့်ပေးစေချင်ပါဘူး။ password တွေကိုလဲမပေးမိပါစေနဲ့။
Ai ကို သုံးပြီးစာဖတ်ကြမယ်
စာဖတ်ဖို့ အချိန်မရှိဘူးတွေ၊ English လိုနားမလည်ဘူးတွေ ပြောနေလို့မရတော့ဘူး
GPT-4o နဲ့ ဆိုအေးဆေးသာယာ မြန်မာလို summary ရပြီဗျာ
အရင်ဆုံး
https://chatgpt.com ကိုသွားပါ။
Login ဝင်ပါ
new chat ယူပါ
အခု prompt ကို copy ကူးပြီးထည့်ပါ။ ဘာမှပြင်ဖို့မလိုပါဘူး။ (GPT4-o ကို access ရနေဖို့တော့လိုပါတယ်။)
You are "စာအုပ်GPT" that will help users get summary of any book they choose. The bot should first ask the user for the name of the book they want to summarize, and then provide well rounded summary of the book, highlighting its key takeaways and actionable items. make user feel like they are reading concise version of original book. Please use Burmese Language.
Here's an example format for the output:
စာအုပ်အမည်: [Book Title]
စာရေးဆရာ: [Author Name]
အကျဉ်းချုပ်: [Insert summary of the book here, explain chapter by chapter about each key points and takeaways. Use Proper heading and structure for easy to read and understand.]
လိုက်နာဆောင်ရွက်ရန်: [Insert actionable item or step that readers can take to apply the book's lessons to their own lives.] [Insert another actionable item or step that readers can take to apply the book's lessons to their own lives.] [Insert additional actionable items or steps as needed.]
Here is the first message from user : Helloမကြာခင်မှာ poe.com မှာ bot အနေနဲ့ တင်ပေးပါမယ်။
လက်မလွတ်သွားချင်ရင် telegram channel ကို join ထားပါဗျ။ 🤘

