🚀 Mingalarpar!
ဒီခေတ်ကြီးထဲမှာ Ai ဆိုတဲ့စကားလုံးက လူတိုင်းကြားဖူးနားဝရှိနေကြတဲ့ စကားလုံပါး။ ဒါပေမယ့်သုံးတတ်မယ်ဆိုရင် ကျနော်တို့ရဲ့သင်ယူမှုနဲ့ လုပ်ငန်းဆောင်တာတွေကို အဆင့်မြှင့်ဖို့အတွက်အသုံးချပြီး ကိုယ့်ကိုယ်ကို upgrade လုပ်ယူလို့ရတယ်ဗျ။ 🌌
ဘာလို့ Ai လဲ ဘာလို့အခုလုပ်ဖို့လိုတာလဲ
အလုပ်နဲ့ပက်သက်တာတွေရော ပညာရေးနဲ့ ပက်သက်တဲ့နေရာတွေမှာရောက အရမ်းကိုမြန်တဲ့နှုန်းနဲ့ကိုပြောင်းလဲနေတာဗျ။ မကြာတော့တဲ့အချိန်မှာ လူတိုင်းအတွက် သီးသန့် ဖန်တီးထားတဲ့ lesson plan တွေ ပညာရေးတွေဆိုတာရှိလာတော့မှာ။ ထပ်ခါထပ်ခါ လုပ်နေရတဲ့ နေစဉ်လုပ်ငန်းဆောင်တာတွေဆိုတာ Ai နဲ့ Automate လုပ်ယူလို့ရတော့မှာ။ ပြီးတော့ ကိုယ်လုပ်ထားတာတွေရဲ့ ထိရောက်မှု အကျိုးရှိမှုကို Data တွေကနေကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို အမြန်တိုးတက်အောင်လုပ်လို့ရတော့မှာဗျ။ အနာဂတ်ဆိုတာ အဝေမှာမဟုတ်တော့ဘူးနော် အခုကိုရောက်နေပြီ Ai ဆိုတာ သုံးတတ်ရင် တန်ခိုးရှင်လိုဖြစ်နိုင်တဲ့ခေတ်ကိုရောက်နေပြီ 🔮✨
AI ကိုဆရာတင်လို့ရတယ်
စိတ်ကူယဉ်ကြည့်လိုက်ပါ တကယ်လို့ Ai ကို ကိုယ်က ဆရာနေနဲ့တင်ပြီးတော့ ကိုယ့်အတွက် တကယ်လိုအပ်မယ့် ပညာရေး၊ ကိုယ်သင်ယူနိုင်တဲ့ပုံစံနဲ့ကိုက်ညီတဲ့ စာသင်နည်း၊ စာသင်နှုန်း တွေနဲ့သာသင်လို့ရမယ်ဆိုရင် ပညာတတ်ကိုအမြန်နည်းနဲ့တောင်ဖြစ်နိုင်တယ်ဗျ။ ဘာနဲ့တူလဲဆိုတော့ gym ဆော့ရင် personal trainer ထားသလိုပဲ ကိုယ့် body နဲ့ကိုက်တဲ့လေ့ကျင့်ခန်းတွေ Diet တွေကိုပေးသလိုပေါ့။ ကိုယ်လိုချင်နဲ့ လိုအပ်တာနဲ့ကိုသိနေတယ်ဆိုရင် ကိုယ့်အတွက် သီးသန့်ကိုက်ညီတဲ့ပညာရေးကို စျေးကြီးကြီးဆရာတွေနဲ့သင်စရာမလိုပဲ သက်သက်သာသာနဲ့ရနိုင်တော့မယ်ဗျ။ 📚👩🏫
Productivity ကောင်းဖို့လဲ AI ကိုသုံးလို့ရတယ်
Meeting တွေကို Schedule လုပ်တာတွေ Email တွေကို ကိုယ်အစားပေးတာတွေကစလို့ မလိုအပ်ပဲ သင့်ရဲ့ တန်ဖို့ရှိတဲ့ အချိန်ကုန်စေတဲ့အရာတွေကို Ai က ကူညီပေးနိုင်နေပြီ။ အဲ့ဒီလို မလိုအပ်တာတွေနဲ့အချိန်မကုန်တော့ဘူးဆိုရင် ကျနော်တို့တွေက ဖန်တီးမှုစွမ်းရည်နဲ့ မဟာဗျူဟာစွဲတဲ့အပိုင်းကို ပိုအားထားလို့ရသွားမယ်ဆိုရင် အားသုံးစရာမလိုပဲ တကယ်ကို တိုးတက်အောင်မြင်တဲ့လူလာနိုင်ပြီ။ ⏰🚀
AI အားသုံးပြီးလုပ်နေတဲ့ လုပ်ငန်းခွင်များ
လုပ်ငန်းတွေတော်တော်များများက Ai ရဲ့ စွမ်းရည်ကိုအသုံးချပြိးတော့ သူ့တို့ရဲ့ရုံးတွင်းအလုပ်တွေရော သူတို့ရဲ့ product တွေ service တွေရောကို ပိုကောင်းအောင်လုပ်နေကြပြီ။ ဒီတော့ ကိုယ့်လုပ်ငန်းခွင်မှာလဲ မြန်မြန်ဆန်ဆန် Ai ကိုသုံးပြီး အလုပ်လုပ်တဲ့ပုံကို လက်ခံပြောင်းလဲမယ်ဆိုရင် ရုံးတွင်းက Team collaboration တွေလဲပိုကောင်းလာပြီးတော့၊ Data ပေါ်မူတည်တဲ့ တိကျပြတ်သားမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချလိုနိုင်ပါလိမ့်မယ်။ လူတိုင်းမလုပ်သေးခင်က စထားရင် လူတိုင်းလုပ်တဲ့အခါ ကိုယ်ကအသားကျနေလောက်ပြီမို့ သူများတွေထက် လက်ဦးမှုကိုရယူပါမိတ်ဆွေ။ 🏢💡
ဘယ် Tools တွေစသုံးကြည့်သင့်သလဲ
ထွက်တဲ့ Ai Tools တွေကထောင်နဲ့ချီပြီးရှိနေပေမယ့် ကျနော်မြင်မှာတော့ အကုန်လိုက်သုံးနေဖို့မလိုဘူးလို့ထင်တယ်။ ကိုယ်အတွက်တကယ် အကျိုးရှိတာ အလုပ်နဲ့ကိုက်တာ ကိုယ့်အလုပ်တွေကို ကူညီပေးနိုင်တဲ့ Tools တွေကိုသာရွေးသုံးသင့်ပါတယ်။
ကျနော်ကတော့ အလကားရတဲ့ Tools တွေကိုအရင် try ကြည့်စေချင်ပါတယ်။
Bing Ai ကတော့တော်တော်အဆင်ပြေတယ်ပြောရမယ် ChatGPT 4 ကို အလာကားလဲသုံးလို့ရပြီးတော့ တော်တော်လဲမြန်တယ်။ ကိုယ်ကြည့်နေတဲ့ webiste ကို summarize လုပ်ပေးတာတွေ အဲ့ page အကြောင်းကို email အနေနဲ့ရေးပေးတာတွေအကုန်လုပ်လို့ရတော့ တော်တော်ကိုအဆင်ပြေတယ်ဗျ။ သုံးဖို့အတွက် Microsoft Edge Browser ကိုဒီမှာ down ပြီးသုံးပါဗျ။
ChatGPT ကတော့ စွယ်စုံသုံး Tools ပဲဗျ။ သူများတွေတော့ တစ်လကို $20 ပေးပြီးသုံးနေပေမယ့်။ ကိုယ်ကအခုမှစသုံးမယ်ဆိုရင်တော့ Free သာသုံးပါ။ ဒီမှာသွားသုံးလို့ရတယ်
Poe.com ကတော့ အရမ်းမိုက်တဲ့ bot တွေရှိတဲ့ Ai စျေးပွဲတော်ကြီလိုပဲ။ အဲ့မှာ ကိုယ့်အလုပ်နဲ့ကိုက်မဲ့ bot တွေအကုန်ရှိတယ် မရှိလဲ ကိုယ်တိုင် bot create လုပ်လို့ရတယ်။ paid plan ဝယ်ရင်တော့ ပိုကောင်းပေမယ့် free ပဲသုံးပါ။ ဒီမှာ သွားသုံးလို့ရပါတယ်။
ကျနော်ကိုယ်တိုင်ပိုက်ဆံပေးပြီး သုံးတာဆိုလို့
Notion Ai သုံးတယ်။ ရှိသမျှ ကိုယ့်ရဲ့ Document တွေနဲ့ chat လို့ရတဲ့အပြင် စာရေးတာတွေ မေးလိုရာမေးတာတွေကို တခြား website တွေ app တွေမလိုပဲ တစ်ခုထဲမှာတင် All in one ရတာမို့ productivity အရမ်းကောင်းတယ်။ တစ်နှစ်စာဝယ်သုံးရင် တစ်ရက်ကို မြန်မာငွေနဲ့ 1000 ကျပ်လောက်ပဲကျတာမို့ ကျနော်ကတော့ တန်တယ်လို့မြင်တယ်။ သုံးမယ်ဆို ဒီမှာသွားဝယ်သုံးနိုင်ပါတယ်။
နောက်တစ်ခုကတော့ ChatGPT ကို Api သုံးတာပါ။ ဘာလို့သုံးလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် $20 ပေးဖို့ မတန်ဘူးထင်လို့ပါ အဲ့လောက်လဲ မသုံးဖြစ်ဘူးဆိုတော့မဝယ်ချင်ဘူး။ နောက်တစ်ခုက user အနေနဲ့ သူတို့ platform ကိုသုံးတာမဟုတ်ပဲ ကိုယ်တိုင် ဖန်တီးတဲ့ Tools တွေမှာ သုံးချင်တာမို့ပါ။ မသုံးဖူးသေးရင် ဒီမှာသွားသုံးလို့ရပါတယ်။
တခြား AI Tools တွေကအများကြီးကိုရှိသေးတယ် နောက်ပိုင်းမှာ list လိုက်ပေးဖို့ plan ရှိပါတယ်။ Stay Tune ပါဗျာ 🧰🖥️
စိတ်ချလုံခြုံမှုအပိုင်း
Ai ကို ကျနော်တို့ ဘဝထဲကိုခေါ်လာပြီးသွားရင် စဉ်းစားစရာရှိတာက ကျနော်တို့ရဲ့ လုံခြုံရေးအပိုင်းပါ။ Free Tools တွေ App တွေကိုထင်သလို install လုပ်ပြီး မသုံးသင့်ဘူး ကိုယ့်ရဲ့ အချက်အလက်တွေပါသွားနိုင်တယ်။ ကိုယ့်ရဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေ ကိုယ်ရေးကိုယ်တာကိစ္စတွေဆိုလဲ Ai သုံးတဲ့အခါမထည့်သင့်ဘူး။
ဘာလို့လဲဆိုတော့ ကျနော်တို့ကို free ပေးထားတဲ့ tools တွေက ကျနော်တို့ရိုက်ထည့်လိုက်တဲ့ Data တွေကို သုံးပြီး သူတို့ Ai တွေကို မွန်းမံဖို့ train တာမို့ပါဗျ။ ဒါကြောင့် သုံးလဲသုံး သတိလေးလဲရှိပါ။
နောက်တစ်ခုအနေနဲ့ Ai က အမြဲမမှန်နိုင်ဘူးဆိုတာကိုလဲသတိရပါ။ တချို့အဖြေတွေကို ပြန်လည်စစ်ဆေးကြည့်ဖို့လိုပါတယ် တန်းယုံကြည်တာမျိုးမလုပ်ပါနဲ့။ 🤝🌍
AI Revolution မှာပါဝင်ပါ
Ai နဲ့ပတ်သတ်လို့ ကျနော် Clubhouse နဲ့ Telegram မှာ ဆွေးနွေးပွဲလေးတွေလဲလုပ်ဖို့ရှိတာဆိုတော့ စိတ်ဝင်စားရင်လာ Join လို့ရပါတယ်။
Stay in touch with me 🗣️👤
Ai ဆိုတာသုံးတတ်ရင် ကိုယ့်ရဲ့ တိုးတက်မှုကို အကန့်အသတ်မရှိဖြစ်သွားစေနိုင်တာမို့ ကိုယ်က ကျောင်းသားဖြစ်ဖြစ်၊ professional ဖြစ်ဖြစ် Lifelong learning ဖြစ်ဖြစ် ကိုယ့်အတွက်အကျိုးရှိမယ့်အရာမို့ မျက်ခြေမပြတ်ဖို့လိုပါတယ်မိတ်ဆွေ 🎓🏅
Stay curious,
---
AI နဲ့ ပက်သက်လို့ သိချင်တာတွေရှိရင်လဲ ကျနော့်ကိုစာပို့လို့ရပါတယ်နော်
သိသလောက် တတ်သလောက် မှတ်သလောက်ပြောပြဖို့အသင့်ပါပဲ 💌
ChatGPT APIက mobile နဲ့ရော သုံးလို့ရလားဗျ
ပြီးတော့ API သုံးဖို့ Coding လိုမလိုဆိုတာလေးလဲ အကျဉ်းချုပ်လေးပြောပြပေးပါဦးဗျ
AI ကို အရမ်းလေ့လာချင်နေတာ နောက်ပိုင်းAI စနစ်တွေနဲ့ပဲသွားတော့မာကိုသိပဲသိတယ်။ ဘယ်ကဘယ်လိုစလေ့လာရမလဲ မသိဘူး ရှင့်