လောကမှာထိန်းရအခက်ဆုံးအရာကိုပြောပါဆိုရင် ကျနော်တို့ရဲ့စိတ်ကိုပဲပြရမယ်။ ကျနော်တို့ရဲ့အတွေးတွေက တောင်ခုန် မြောက်ခုန်နဲ့ စိတ်ညစ်စရာစီရောက်လိုက် လုပ်စရာတွေကျန်သေးတယ်လို့ဖြစ်လိုက် ပျော်ချင်တယ်ဆိုပြီးဖုန်းကိုင်ချင်လိုက် အစားစားချင်လိုက် ဘာလုပ်ရင်ကောင်းမလဲတွေးလိုက်နဲ့ အငြိမ်နေဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ကို ခုန်ပြန်နေတာများတယ်။
ဒီစာကိုဖတ်နေရင်းနဲ့ ခေါင်းလေးညိမ့်နေမိရင် ဒီနေ Newletter လေးကနေ Mindfulness အကြောင်းကိုနဲနဲလောက်ပြောပြပါမယ်။
တော်တော်များများက Mindfulness ရှိဖို့ဆိုရင် ခေါင်းတုံးတုံး တောထဲသွား မျက်စိမှိတ်တရားထိုင် လုပ်ရမယ်လို့ထင်နေတတ်ကြတယ်။ (အဲ့လောက်ထိလုပ်ချင်လဲရတယ် ကျနော်မတားဘူး)
တကယ်လုပ်ချင်တယ်ဆိုရင် အများကြီးမလိုဘူး အခုလက်ရှိဖြစ်နေတဲ့စိတ်လေးကို ကောင်းတယ်ဆိုးတယ် ဘာဖြစ်တယ်ညာဖြစ်တယ်မပြောပဲ ဒီတိုင်းလေး သတိထားမိနေရင်ကိုရပြီ။ ဒေါသထွက်စရာတွေ့လို့ ဒေါသထွက်လိုက်ရင် အော် ငါဒေါသထွက်မိနေတာပဲ။ စိတ်ညစ်စရာတွေ့လို့ ညစ်မိရင် အော် ငါ စိတ်ညစ်မိနေတာပဲ။ လိုချင်တာတွေတွေ့လို့ လောဘတက်မိနေရင် အော် လောဘဖြစ်မိနေတာပဲ။ အဲ့ဒါလေးကို သတိလေးရှိနေရင်ကိုတော်တော်ဟုတ်နေပြီ။ ဘာလို့လဲဆိုတော့ သတိထားလိုက်ရင် အဲ့ဒေါသတို့ စိတ်ညစ်တာတို့ လောဘ တို့ဆိုတဲ့ ကိုယ်ဖြစ်နေတဲ့ စိတ်ခံစားချက်တွေက ရပ်သွားတယ်။
သတင်းအချက်အလက်တွေများတဲ့အခုခေတ်မှာတော့ စိတ်ရဲ့တည်ငြိမ်မှု Mindfulness ကိုရဖို့ဆိုတာ မုန်တိုင်းကြားထဲမှာ လမ်းလျှောက်နေရသလိုပါပဲ။ အဘက်ဘက်က သတင်းတွေ အတင်းတွေ မြင်နေတွေ့နေရတာတွေက ကျနော်တို့ရဲ့ စိတ်တွေကို ကိုင်လှုပ်နေတာများတယ်။ ဒီတော့ ကျနော်တို့ဘာလုပ်ရမလဲ?
၁. သေးသေးကစ
တစ်ရက်ထဲ ၅ နာရီလောက်တရားထိုင်ပြီး ငါတော့ စိတ်ကိုနိုင်အောင်ထိမ်းမယ်လို့လုပ်လို့ရမဘူး တစ်ရက်ကိုမိနစ်နဲနဲကနေစပြီး မျက်စိလေးမှိတ် ကိုယ်ကြိုက်တဲ့ တီးလုံးသံ သဘာဝအသံလေးဖွင့် ကိုယ့်ရဲ့ ဝင်သက်ထွက်သက်လေးပေါ်မှာ နံပတ်လေးတပ်ပြီး ၁ ကနေ ၁၀ ထိ အရင်စမ်းကြည့်ကြည့်။ ရှုသွင်းတယ် ရှုထုတ်တယ် တစ်။ ရှုသွင်းတယ် ရှုထုတ်တယ် နှစ်။ အဲ့လိုနဲ့ တစ်ဆယ်ရောက်အောင်ပဲ အရင်လုပ်ကြည့်ကြည့်။ နောက်မှမလုပ်နဲ့ အခုဖတ်နေတာလေးရပ်လိုက်ပြီး ခဏလေးလုပ်ကြည့်ကြည့်။ ပြီးရင်ဆက်ပြီးဖတ်လို့ရသေးတယ်။
နောက်ပိုင်းကျနော် Meditation လုပ်ဖို့ music တွေ ambient တွေကို youtube မှာ channel အသစ်လုပ်ပြီးတင်ပေးမယ်။ စိတ်ဝင်စားတယ်ဆိုရင် ဒီ post အောက်မှာ Meditation Please လို့သာ comment ရေးခဲ့လိုက်ပါ။
ပုံမှန်လေး တစ်ရက်ကို ၃ ကြိမ်လောက် ၁ နေ ၁၀ ထိ ရှုသွင်း ရှုထုတ်ကိုမှတ်လိုက်ရင်ကို ကျနော်တို့ကတော်တော်လေးသိသိသာသာဖြစ်လာတာကိုတွေ့ရလိမ့်မယ်။
၂. ပွတ်တဲ့အရာကိုပြောင်း
အားနေဖုန်းပွတ်နေလို့မရဘူး။ ဖုန်းကနေပဲ ကျနော်တို့စိတ်ကို ကစားမယ့် အရာတွေဆိုတာကလာတာ။ ဖုန်းနဲ့အလုပ်လုပ်ရတယ်လို့ပြောနေသူတွေရဲ့ screen time 80% လောက်က newfeed ကပေါ်တာတွေပွတ်ပြီးလိုက်ကြည့်နေတာများတယ်။ ကျန်တဲ့ ၂၀% ကပဲ post တင်တာ customer တွေကို reply ပြန်တာလုပ်တာ( ကိုယ့်ကိုယ်ကိုလဲ ပြန်စမ်းစစ်ကြည့် အကျိုးရှိတာဘယ်လောက် အကျိုးမရှိတာဘယ်လောက်လုပ်နေလဲလို့ )။
အဲ့ဒီီီီီတော့ fb တွေ Instagram တွေ tiktok တွေ telegram တွေကို အလုပ်အတွက်သုံးနေရတယ်ဆိုတဲ့သူတွေဆိုရင် သီးသန့် account ထားပြီး account ဟိုခုန် ဒီခုန်မလုပ်ဖို့လိုတယ်။ အလုပ်လုပ်ရင် အလုပ်အတွက် ပဲသုံးတတ်ဖို့ စိတ်ကိုပြင်ယူရမယ်။ ပြင်မယူနိုင်ရင် personal account တွေကို logout လုပ်ထားတာကောင်းတယ်။
နောက်တစ်ခုကတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဆိုရင်
နုဿတ္တိ ၁၀ ပါးထဲက တစ်ခုခုကို လုပ်နေတာကောင်းတယ်။
အလွယ်ပြောရင်တော့ ပုတီးစိတ်တာပေါ့။ အနဲဆုံးတော့ ကျနော်တို့ အာရုံစိုက်စရာတစ်ခုရနေသေးတာပေါ့။ ဂုဏ်တော်ပွားနေတာဖြစ်ဖြစ် ရွတ်ဖတ်နေတာဖြစ်ဖြစ်လုပ်နေလိုက်တာက အနဲဆုံးတော့ အကုသိုလ်ဖြစ်မယ့်အလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘူး။ ကောင်းတာမလုပ်ဖြစ်ရင်နေ မကောင်းတာမလုပ်ဖြစ်တာကိုကကောင်းနေပြီဆိုတော့ဒီနည်းလေးကိုသုံးကြည့်စေချင်တယ်။ ဖုန်းအစားပုတီးပွတ်နေတာကောင်းတယ်။ ဖုန်းရောပုတီးရောတစ်ပြိုင်တည်းပွတ်တာတော့မလုပ်ပါနဲ့ မြင်ရတာလဲမကောင်းအကျိုးလဲမရှိလို့ပါ။
အခြားဘာသာဝင်တွေမှာလဲ ပုတီးတွေရှိပါတယ်။ ခရစ်ယာန်တွေမှာရော Islam ဘာသာဝင်တွေမှာရောရှိပါတယ်။ စမ်းကြည့်ပါ။ ဖုန်းပွတ်တာထက် အကျိုးများပါတယ်။
၃. Life style ပြောင်း
ကိုယ်လုပ်ကိုင်နေတဲ့လုပ်ရပ်တွေတိုင်းမှာ Mindfulness ဆိုတာရှာကြည့်လို့ရတယ်။ ဘယ်လိုနေရာတွေမှလဲဆိုတော့
စားသတိ - အစားစားနေတုန်းတခြားကိုစိတ်မရောကနေပဲကိုယ်စားတဲ့အပေါ်လေးမှာ အာရုံလေးထားပြီး ဘာအရသာရှိတယ်။ တစ်လုပ်ကိုဘယ်လောက်ကြာကြာဝါးတယ်။ ဘယ်လိုအနံလေးရတယ် စသည်ဖြင့် ဒီတစ်ခုတည်းအပေါ်အာရုံထားတာအကျင့်လုပ်ကြည့်။
သွားသတိ - လမ်းလျောက်နေတုန်းမှာ ကိုယ့်ခြေလှမ်းတိုင်းက မြေကြီးကိုထိနေတာ ဖော့သွားတာအကုန်လုံးကို သတိလေးနဲ့ထားပြီးသွား လေတိုက်တာလေးတွေ အနံ့လေးတွေ မိုးရေစက်လေးတွေ ကအစ ခံစားမိအောင် သတိလေးထားကြည့်။
ရေချိုးသတိ - ရေချိုးလိုက်လို့ ရေခန္ဓာကိုယ်ပေါ်ရောက်လာတိုင်း ပြောင်းလဲသွားတဲ့ အပူချိန်လေး လန်းဆန်းသွားတာလေးကိုသတိထားကြည့်။
သတိနဲ့နေတတ်တဲ့အကျင့်လေးရှိလာတဲ့အခါ အာရုံပျံ့လွင့်တာနဲလာတယ်။ နောက်ဆုံးပြန့်လွင့်နေရင်တောင် မှ အဲ့ဒါကိုသတိထားမိလာနိုင်တယ်။
ပိုအလုပ်ပြီးတဲ့သူ ပိုအောင်မြင်တဲ့သူ ပိုထက်မြတ်တယ်ဆိုတဲ့သူတွေမှာ single point focus ( Pali လို Ekaggata )လို့ခေါ်တဲ့ skill ရှိတယ်။
ဘယ်အခြေအနေမှာမဆို ဒီ single point focus တစ်နေရာထဲကို အာရုံစူးစိုက်နိုင်စွမ်းက ကျန်တဲ့သူတွေထက်အများကြီးကိုသာလွန်သွားစေတယ်။
နည်းပညာသမားပီပီ ဥပမာပေးရရင် တစ်ကြိမ်ထဲမှာ File တစ်ခုကို download ဆွဲရင် bandwith အပြည့်ရတော့ connection ပိုကောင်းတဲ့အတွက် download မြန်မြန်ပြီးတယ်။ အဲ့လိုမှမဟုတ်ပဲ သီချင်းနားထောင်ရင် internet browser လုပ်နေရင်းက download လဲလုပ်နေမယ်ဆိုနှေးမှာသေချာတယ်။
ဒီတော့ ကျနော်တို့တွေက အချက်အလက်နည်းပညာ technology တွေများပြားတဲ့လောကကြီးမှာ ကျနော်တို့ရဲ့ ဦးနှောက်ကိုလဲ update လုပ်ပြီး အပြုအမူအနေအထိုင်တွေကို ပြောင်းနိုင်မှ ကိုယ့်စိတ်ကိုကိုယ်နိုင်သူတွေဖြစ်လာနိုင်မယ်။
ကျနော်ကိုယ်တိုင်ကတော့ မျောက်စိတ်ကို ပုတီးစိတ်ခြင်းက အများဆုံးကူညီပေးတယ် တစ်ရက်ကို ပုတီး ၃ မျိုးလောက်စိတ်တယ် အချိန်အားဖြင့် ၄၅ မိနစ်ကနေ ၁ နာရီကြားမှာကြာတယ်။ တစ်ရက်မှ မပျက်ပဲလုပ်လာခဲ့တာ ၈ နှစ်လောက်ရှိလာပြီဆိုတော့သိသာတာကတော့ အပြောအဆိုအနေအထိုင် လုပ်ကိုင်ပုံကအစပြောင်းလဲလာပြီး တကယ်အကျိုးရှိတာတွေကိုပဲအများဆုံး ရွေးလုပ်နိုင်သူဖြစ်လာတယ်။
ပြောင်းလဲချင်တယ်ဆိုတဲ့သူတိုင်းကိုပြောပြချင်တာတော့ အရင်လိုနေမြဲအတိုင်းနေပြီးတော့ လုပ်မြဲအတိုင်းလုပ်နေရာကနေ တူညီတဲ့ result ပဲအမြဲရနိုင်တယ်။ မတူညီတဲ့ ပိုကောင်းတဲ့ result တွေလိုချင်ရင် မတူညီတဲ့အမူအကျင့်နဲ့ လုပ်ရပ်တွေ ပတ်ဝန်းကျင်ကောင်းတွေဆိုတာလိုတယ်။
တိုးတက်ချင်တဲ့သူတွေနဲ့ ဝန်းရံပြီး မတူညီတဲ့ result တွေဖော်ဆောင်ချင်တယ်ဆိုရင်တော့ ကျနော််််််််တို့ရဲ့ MoonBase Community ကို လာ join ဖို့ဖိတ်ခေါ်ပါတယ် ။
ဒီ newsletter လေးကနေ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။
စေတနာများစွာဖြင့်
Meditation please
Meditation please