သူများတွေနဲ့ လောကကြီးကိုမြင်တဲ့အမြင်မတူဘူးလို့ခံစားဖူးသလား? သူများတွေနဲ့ကွဲထွက်နေတတ်တယ် သူများမမြင်တာတွေကိုမြင်တတ်တယ်လို့ပြောခံရဖူးလား?
ဒါမှမဟုတ် မင်းကြည့်ရတာ ခပ်အေးအေးနဲ့ ရှက်သလိုလိုကြောက်သလိုလိုနဲ့ လို့ပြောခံဖူးသလား? ကိုယ့်ကိုယ်ကိုရော ငါသာဒီထက်ပိုပြီး confident ရှိရှိနဲ့လူရှေ့ကိုထွက်လိုက်ရင် ပိုအောင်မြင်မယ် လူတွေနဲ့အဆင်ပြေမယ်လို့တွေးဖူးသလား?
ဒီလိုအတွေ့အကြုံတွေရှိတယ်တိုက်ဆိုင်တယ်ဆိုရင် သင်ကသေချာတယ် ကျနော့်လို Introvert တစ်ယောက်ပါပဲ။ စကားသိပ်မပြော လူတွေနဲ့သိပ်မရော ခပ်အေးအေးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ ဒါဟာတကယ်တော့ အားနဲပျော့ညံ့တာမဟုတ်ဘူးဗျ။ အဲ့ဒါ မဟာ အားသာချက်ကြီးပဲ။
ကျနော်ကိုယ်တိုင်လဲ Introvert မို့လူတွေအများကြီးနဲ့တွေ့ပြီး မရယ်ရတာတွေကိုရယ် ဘာအကျိုးမှမရှိတဲ့စကားတွေကို အချိန်ကုန်ခံအားလူးဖုတ်နေရတာမကြိုက်ဘူး။ ဆူညံ့တဲ့ ဆိုင်တွေမှာ တခြားဝိုင်းကလူတွေနဲ့ အပြိုင်အော်ပြောရတာတွေလဲမကြိုက်ဘူး။ အဲ့လိုလုပ်ရတာတွေက ဆံအိတ်ထမ်းကြီး ၆ လွှာတက်ရတာထက်ပိုပင်ပန်းတယ်။
extrovert ကပွဲလယ်မှာပိုတင့်တယ် ဟီးဟီးဟားဟားနေတတ်ကြတယ် စျေးအရောင်းတော်တယ် လူချစ်လူခင်ပေါတယ်။ ဒါပေမယ့် အဲ့ဒါတွေမရှိတာနဲ့ လောကမှာ မအောင်မြင်တော့တာတော့မဟုတ်နေဘူးဗျ။
Introvert တွေမှာလဲ တိတ်ဆိတ်ညိမ်သက်မှုစွမ်းအင်တွေရှိတယ်။
သူတစ်ပါးပြောတာကို လေးလေးနက်နက် နားထောင်ပေးနိုင်တယ်။
သေသေချာချာ အတွင်းကျကျလေ့လာနိုင်တယ်
အာရုံစူးစိုက်မှုအားကောင်းတယ်
ပြောပြီဆိုရင်လဲ တကယ့်ကိုပြေပြေပြစ်ပြစ် ထိထိမိမိပြောနိုင်တယ်
သမိုင်းမှာ နာမည်ကျော်တဲ့သူတွေဖြစ်တဲ့ Albert Einstein, Rosa Parks, Bill Gates, J.K. Rowling စတဲ့သူတွေကလဲ သူတို့က Introvert တွေလို့သိရတယ်။ အသံကျယ်မှ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တာမဟုတ်ဘူး သူတို့ရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှု၊ ဇွဲရှိမှု ၊ လူတွေနဲ့ အတွင်းကျကျ ရင်းနှီးမှုတည်ဆောက်နိုင်မှုတွေက ကမ္ဘာကြီးကိုတောင်ပြောင်းလဲနိုင်တယ်။
ဒီတော့ ကိုယ်က introvert တစ်ယောက်ဆိုရင်
၁ . ငါက သူများတွေလောက်မထင်ပေါ်ဘူးဆိုတာကို တွေးနေမယ့်အစား ငါမထင်ပေါ်တာက ငါ့ရဲ့အားသာချက်လို့ပြောင်းတွေးပါ
ဘယ်ပြောင်းလဲမှုမဆို Mindset ( တွေးခေါ်ပုံ ) ကစပြီးပြောင်းလဲရတယ်။ ကျနော်တို့ကိုယ်ကျနောတို့ နှိပ်စက်နေတဲ့အတွေးတွေကို စတင်ပြောင်းလဲရတယ်။
ကိုယ်မထင်ပေါ်တာကို အားနဲချက်လို့တွေးနေမယ့်အစား၊ ကောင်းတယ် ငါ့ကိုဘယ်သူမှမသိတော့ ငါမှားတာတွေလုပ်လဲဘယ်သူမှမသိဘူး အမှန်တွေပြောင်းလဲလုပ်လို့ရတယ် သင်ယူလို့ကောင်းတယ်။ ထင်ပေါ်မှုကလဲ အရာရာတော့မဟုတ်ဘူးဆိုတာကိုလက်ခံရမယ်ဗျ။ အာလူးဖုတ်မယ့်အစား လေးနက်တဲ့စကားတွေပြောလို့ရတယ်။ ထင်ပေါ်နေမယ့်အစား တကယ် အကျိုးရှိတာတွေလုပ်လို့ရတယ်။ အာရုံများနေမယ့်အစား အာရုံပိုစူစိုက်လို့ရတယ်။
၂. ကိုယ့်ပတ်ဝန်းကျင်ကိုပြောင်းလဲ
ကျနော်တို့ရဲ့ စိတ်နေစိတ်ထားနဲ့ ကိုက်တဲ့ပတ်ဝန်းကျင်ဆိုတာကို ဖန်တီးတည်ဆောက်ယူနိုင်မှ ကျနော်တို့ တိုးတက်ပြောင်းလဲနိုင်မယ်ဗျ။ ဒါကြောင့်အေးဆေး တည်ငြိမ်ပြီး စဉ်းစားလို့ရမယ့်နေရာမျိုးကိုဖန်တီးယူရမယ်။
ကိုယ်အလုပ်လုပ်တဲ့နေရာကို - အနှောက်အယှက်ကင်းကင်း သန့်သန့်ရှင်းရှင်း ဖြစ်အောင်ထားရမယ် သဘာဝအလင်းကောင်းကောင်းဝင်တဲ့ အခန်းမျိုးနေရာမျိုးစီစဉ်ရမယ်
Boundaries ထားတတ်ရမယ် - အားနာတတ်တဲ့ introvert လောက် လောကမှာ စိတ်ဒုက္ခရောက်ရတာမရှိဘူးဗျ။ ဒါကြောင့် ငြင်းတတ်ဖို့ ငြင်းရဲဖို့အရေးကြီးတယ်။ ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေကို ကိုယ့်ရဲ့ goal နဲ့ ဆိုင်တာတွေကိုလက်ခံပြီး ကျန်တာတွေကိုငြင်းတတ်ရမယ်။
တစ်ယောက်တည်းနေဖို့အချိန်ပေးရတယ် - တခြားသူတွေအတွက် အလုပ်အတွက် အချိန်ပေးသလိုပဲဲ ကိုယ့်ကိုယ်ကိုလဲ အချိန်ပေးရတယ်ဗျ။ ဒါမှလဲတိုးတက်မှုတွေဆိုတာရှိလာမှာဗျ။
၃. ပိုကောင်းတဲ့ connection တွေတည်ဆောက်
လူတိုင်းနဲ့ခင်ဖို့မလိုဘူး ခင်တဲ့လူတိုင်းနဲ့တော့ တည်တံ့ခိုင်မြဲတဲ့ connection တွေတည်ဆောက်နိုင်ဖို့လိုတယ်။ အရေအတွက်ထက် အရည်အသွေးကောင်းဖို့အရေးကြီးတယ်။
ကိုယ်နဲ့ရည်ရွယ်ချက်တူ ဝါသနာတူ တိုးတက်ချင်သူတွေနဲ့ရွေးပြီးပေါင်း။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တိုးတက်ချင်တဲ့သူမရှိရင် MoonBase ကိုလာ join လို့ရတယ်။
နဲနဲပြောပြီး များများနားထောင်
ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းဆက်ဆံ
ဒါဆိုရင် လူသာနဲပေမယ့် ကိုယ်ပေါင်းတဲ့သူတွေကကောင်းလာရင် ကိုယ်လဲပိုတိုးတက်လာလိမ့်မယ်။ အခွင့်အလမ်းသစ်တွေ့ရလာလိမ့်မယ်။
နောက်ဆုံးတစ်ခုပြောချင်တာတော့ confident မရှိတာနဲ့ introvert ဖြစ်တာနဲ့ကမတူဘူး။ ကိုယ်ကရှက်တတ်ကြောက်တတ် မပြောရဲမဆိုရဲဖြစ်နေတာ ကိုယ့်မှာ တခြား Issue တွေရှိနေလို့နေလိမ့်မယ်။ အဲ့ဒါကို introvert လို့ရောချလို့မရဘူးဗျ။
တကယ်လို့ကိုယ်က ရှက်တတ်ကြောက်တတ် မပြောရဲမဆိုရဲဖြစ်နေရင်
habit သေးသေးလေးတွေတည်ဆောပြီး တစ်ခုခု အဖြစ်ရှိအောင်လုပ်
ချွေးထွက်မယ့်လေ့ကျင့်ခန်းတွေနေ့တိုင်းလုပ်
ခန္ဓာကိုယ်တောင့်တင်းသန်မာအောင်လုပ်
စာတော်အောင်ကြိုးစား
ပိုက်ဆံပိုရှာနိုင်အောင်သာလုပ်
ပျော်ရွင်မှုကိုသူများစီကနေမတောင်းနဲ့
ဒါဆို အဲ့လိုလို confident ရှိလာလိမ့်မယ်။
စေတနာများစွာဖြင့်
MoonBase 3.0 is here
အပတ်စဉ် sharing event ပေါင်း ၁၀၀ ကျော် လုပ်ခဲ့ပြီး လူပေါင်း ၄၀၀ နီးပါးနဲ့ တွေ့ဆုံခဲ့ရာကနေ ကျနော်ရဲ့ MoonBase Community လေးဟာ ၂နှစ်ပြည့်သွားခဲ့ပါပြီ။
စတင်ခဲ့တဲ့ ၂၀၂၂ ထဲက မပြောင်းလဲပဲနဲ့ လစဉ်ကြေး ၅၀၀၀၀ ကျပ်ဖြင့် ၂ နှစ်တာ run ပေးခဲ့ပါတယ်။ တိုးတက်လာတဲ့နည်းပညာ စျေးနှုန်းတွေနဲ့ ကုန်ကျစရိတ်များကြောင့် အခု MoonBase 3.0 မှာ လစဉ်ကြေးကို ၇၀၀၀၀ ကျပ်သတ်မှတ်လိုက်ပါတယ်။
စျေးတက်သွားပေမယ့် ကျနော်တို့ MoonBase မှာအရင် တခါမှမရှိခဲ့ဘူးတဲ့ reward program တွေလဲပါပြီးတော့ ပိုကောင်းတဲ့ပြောင်းလဲမှုတွေအတွက် အကူအညီဖြစ်စေမယ့်အစီအစဉ်တွေလဲပါမှာမို့ ကျန်နေတဲ့ ၂၀၂၄ ကာလမှာ ပြောင်းလဲမှုတကယ်လုပ်ချင်သူတွေအတွက် လာရောက် join ဖို့ဖိတ်ခေါ်ပါတယ်။