ဒီနေ့မှာတော့ ကျနော် အရမ်းစိတ်ဝင်စားတဲ့ topic တစ်ခုဖြစ်တဲ့ သင်ယူမှုအကြောင်းပါ။ သေချာတာကတော့ ကျနော်က သင်ယူမှုတွေလုပ်တာကို အားပေးတဲ့လူတစ်ယောက်ဆိုတာရယ် ဘဝမှာ ဘယ်လိုနေရာကနေ ဘာတွေသင်ယူလို့ရမလဲဆိုတာ ကိုရှာနေတဲ့သူဆိုတာရယ် ပါပဲ။ ပညာငတ်တယ် ပညာ ကြိုက်တယ်ဆိုပါတော့။ ဒီတော့ မြန်မြန် နဲ့များများ သင်ယူပြီး ဘယ်လို ပြန်အသုံးချလို့ရလဲဆိုတာ အမြဲရှာနေဖြစ်တယ်။ ကျနော်တို့ လေ့လာမှုတွေလုပ်တာက အချက်အလက်တွေကိုရှာဖွေပြီးတော့ အဲ့အပေါ်မှာ မှတ်သားတာ တွေးတောတာ ဆင်ခြင်တာ မေးခွန်းထုတ်တာ တွေကိုလုပ်ကြရတယ်။
အခု နည်းပညာအသစ်တွေက ပေါ်လာတော့ အချက်အလက်တွေကို ရှာဖွေတဲ့နေရာမှာဖြစ်ဖြစ် မေးခွန်းထုတ်တာမှာဖြစ်ဖြစ် အရမ်းကိုမြန်ဆန်နေပြီဗျ။ Ai တွေပေါ်လာပြီးတဲ့နောက်မှာ knowledge aquire လုပ်တဲ့ process ကြီးက အရမ်းကိုမြန်သွားပြီ။ စာအုပ်တွေ ဖတ်စာအုပ်တွေ ဖတ်ပြီးလေ့လာနေတာက ကြာသေးတယ်။ ကိုယ်မသိချင်တာတွေ မလိုတာတွေက ပါနေသေးတယ်။ အဲ့အစား ကိုယ်တစ်ဦးထဲအတွက် သီးသန့် course တစ်ခုထုတ်ပေးပြီး သင်ယူဖို့ဆိုတာဖြစ်နိုင်လာပြီဗျ။ အဲ့ဒါ Ai ရဲ့ တန်ခိုးလို့တောင်ပြောလို့ရတယ်။
တခြားနည်းပညာ ပစ္စည်းတွေ tools တွေလိုပဲ သုံးတတ်ဖို့တော့လိုတယ်။ မသုံးတတ်ရင်တော့ ဘာမှမထူးဘူး။ ဒီတော့ ဘယ်လို လုပ်ရမလဲဆိုတာ ကြည့်ကြရအောင်။
သင်ယူမှုကို Design ဆွဲလို့ရတယ်
ပုံမှန်သင်ကြားရေးတွေက ကျနော်တို့ကို စာအုပ်ထဲကစာကို ဆရာကနေ တဆင့် သူ့ရဲ့နားလည်တဲ့ပုံစံ သိတဲ့ အတွေ့အကြုံတွေနဲ့ပြောပြတယ်။ ဒါတွေကို ကျနော်တို့က မှတ်ရတယ်။ ပေးသမျှကို အကုန်ယူနိုင်မှ တတ်တယ်လို့ထင်ကြတယ်။ Ai နဲ့ကတော့ အဲ့လိုမဟုတ်ဘူးဗျ။ အရင်ဆုံး
Goal အရင်သတ်မှတ်: Ai က powerful တော့ဖြစ်တယ် ဒါပေမယ့် နတ်တစ်ပါးလိုတော့ ကိုယ့်စိတ်ထဲကဖြစ်ချင်တာတွေကိုနားလည်နိုင်တာမဟုတ်ဘူး။ ဒီတော့ Ai ကို စာတွေလျှောက်ပို့ပြီးမမေးခင် အရင်ဆုံး ကိုယ်က ဘာတွေသင်ယူချင်တာလဲ? ဘာအတွက် သင်ယူချင်တာလဲ? ဘယ်လောက် ဒီသင်ယူမှုက အရေးကြီးလဲ? ဘာပြဿနာတွေကို ဖြေရှင်းချင်လို့လဲ? စတာတွေကို တိတိကျကျသေသေချာချာ သိဖို့လိုတယ်။ ဒီလို တိတိကျကျ သိခြင်းက ကျနော်တို့ကို သင်ယူမှုကို ဆုံးခန်းတိုင်တဲ့အထိလုပ်သွားနိုင်ဖို့ အများကြီးအထောက်အကူပြုနိုင်ပါတယ်။
Ai ကို Tutor အနေနဲ့သုံး:စဉ်းစားကြည့်လိုက် ကိုယ့်ကို ဘာသိချင်််််််သိချင် ၂၄နာရီ ပတ်လုံးပြောပြပေးနိုင်တဲ့သူ မေးခွန်းတွေကိုဖြေပေးမယ့်သူ ရှုပ်နေတာတွေကို နားလည်အောင်ရှင်းပြနိုင်တဲ့သူ။ ကိုယ်ဘယ်လောက်သိတယ်ဆိုတာကို ဉာဏ်စမ်းပေးနိုင်တဲ့ ဆရာရှိနေပြီဆို သင်ယူမှု ဘယ်လောက်တောင်မြန်လာမလဲလို့။ တော်တော်များများ Ai learning platform တွေက ဒီ service ကိုပေးဖို့တောင်လုပ်နေကြပြီ။ မေးခွန်းအများကြီးမေးလို့ စိတ်ဆိုးမှာ အားမနာရတဲ့အတွက် များများမေးပြီး မြန်မြန်တတ်အောင်သင်လို့ရတယ်။ များများမေးလာလေလေ Ai က ကိုယ်နဲ့ key ပိုကိုက်လာလေလေပဲ။
သင်ညွန်းတမ်းတည်ဆောက်: တစ်ခုခု သင်မယ်ဆို သင်ရိုးရှိတာကောင်းတယ်။ ဒီခေတ်မှာ informaion တွေကပေါများတော့ စာအုပ်တွေ video တွေ podcast တွေဆိုတာ ဖတ်မကုန် ကြည့်မကုန်တော့ဘူး။
- အဲ့အစား Ai ကို ငါလိုချင်တဲ့ goal က ဒီဟာ- ငါစိတ်ဝင်စားတာက ဒီဟာ။
- ငါသိထားတာက ဒါတွေ ။
- အဲ့ပေါ်မှာမူတည်ပြီးတော့ ငါနဲ့ကိုက်မယ့် သင်ညွန်းတမ်းတစ်ခု ထုတ်ပေးပါလို့ပြောလိုက်ရင်
ကျနော်တို့အတွက် သီသန့် customize လုပ်ထားတဲ့ သင်ရိုးရလာလိမ့်မယ်ဗျ။( ကျနော် prompt ကိုတော့ အတိအကျ ရေးမပေးတော့ဘူးနော် ဘာလို့လဲဆိုတော့ အခုက GPT4o က စကားပြောတာကို တော်တော်နားလည်နေပြီမို့ ကိုယ်နားလည်သလိုပြောရင်ကိုရပြီ။ )
Research လုပ်တာကို အရှိန်တင်လို့ရတယ်
ကျနော်အနေနဲ့ကတော့ research ဆိုတာ information တွေကိုလိုက်ပြီးစုဆောင်းတယ်ဆိုတာထပ် ကျနော်သိထားတာတွေကို တစ်ခုနဲ့တစ်ခုချိန်ဆက်မိဖို့ ပိုမိုနားလည်လာဖို့ pattern တွေကို သဘောပေါက်ဖို့ gap ဖြစ်နေတဲ့နေရာတွေကိုဖြည့်ဖို့ဖြစ််တယ်။ အရင်က လနဲချီပြီးလုပ်ရတာတွေကို အခု Ai နဲ့ဆိုရင်အရမ်းကိုမြန်နေပြီ။ ဒါကြောင့် Ai ကို research assistant အနေနဲ့သုံးလို့လဲရတယ်ဗျ။
တော်တဲ့ဦးနှောက်တွေကိုသုံးပါ: စဉ်းစားကြည့်ဖူးလား ဒီနယ်ပယ်မှာ တော်တဲ့သူ ၃ ယောက်ရှိတယ် သူတို့ ၃ ယောက်ရဲ့ ဦးနှောက်ပေါင်းပြီး စဉ်းစားရင် ဘာတွေများထွက်လာမလဲလို့? အခုအခါမှာတော့ အဲ့ဒါက ဖြစ်နိုင်နေပြီဗျ။ Google Notebook LM ကိုယ်ကြိုက်တဲ့ Author ၃ ယောက်ရဲ့ စာအုပ် တွေကိုတင်ပြီး မေးကြည့်ကြည့် citation တွေနဲ့ တကွ ပြောပြပေးတာကအရမ်းကိုမိုက်တယ်။ ကိုယ်ဖတ်ချင်တဲ့ Academic paper တွေ၊ Research Ariticle တွေ Expert တွေရဲ့ ကောက်နှုန်ချက်တွေကို အချိန်တိုအတွင်းမှာ ကိုယ်သိချင်တာတွေကို မေးယူလို့ရနေပြီ။
ကိုယ်မမြင်တာတွေရှာခိုင်းလို့ရတယ်: တော်ရုံဆိုရင် သတိမထားမိဘူး အဆက်အစပ် မရှိဘူးလို့ထင်ရတဲ့ topic တွေကို Ai ရဲ့ အကူအညီနဲ့ ရှာလို့ရတယ်။ Dataset အများကြီးကို analyze လုပ်နိုင်တဲ့အတွက် ဆက်နွယ်မှုတွေ၊ ဘယ်ကိုဦးတည်နေတယ်ဆိုတဲ့ trend တွေ ပုံမှန်မဟုတ်တဲ့အရာတွေကိုတန်းပြီးသိနိုင်စွမ်းရှိတယ်။ ဥပမာ ကိုယ်က weight lost လုပ်ချင်တယ်။ ကိုယ် focusထားတာက exerise နဲ့ Diet။ ရှာဖွေနေရင်းနဲ့ စိတ်နဲ့ ဆိုင်တာတွေ အိပ်ရေးပျက်တာနဲဆိုင်တာတွေကိုပါရှာဖွေသိနိုင်တာမျိုးဗျ။
ကိုယ်လုပ်လို့ရတာတွေကိုရှာပေးနိုင်တယ်: လေ့လာတာတွေ ဖတ်တာတွေကြည့်တာတွေများရင် ထူပူသွားတာမျိုးကြုံဖူးတယ်မလား? ဘယ်ကစပြီးဘာလုပ်ရမှန်းမသိတာမျိုး။ Ai နဲ့ဆိုရင် ဒီ paper တွေ article တွေ ကနော ငါ့ကို Actionable Advice တွေထုတ်ပေးပါဆိုရင် list နဲ့ကို အတောင့်လိုက်ကျလာတာဗျ။ notes ထုတ်ရတာ plan ဆွဲရတာတွေအတွက် အချိန်ကုန်တော်တော်သက်သာတယ်။
ဒါတွေက သင်ယူဖို့ plan ဆွဲတာတွေ research လုပ်တာတွေအတွက်ပဲရှိသေးတာ။
သင်ပြီးလက်တွေ့အသုံးချဖို့
သင်ပြီးပြန်မသုံးရင်တော့ ဘယ်ပညာမှတန်ဖိုးမရှိဘူး။ သင်ပြီးပြန်အသုံးမချတာက မျိုးစေ့ရှိပြီး အပင်မစိုက်ပဲသိမ်းထားသလိုပဲ။ ဘာပင်ပေါက်လာမလဲ ဘယ်လို အသီးတွေသီးမလဲ ဘယ်လောက်အရိပ်ရမယ်ဆိုတာ မသိနိုင်ဘူး။ တကယ်လူတော်တွေအကုန်လုံးက သင်ပြီးရင် ချက်ချင်ကိုလက်တွေ့အသုံးချတဲ့သူတွေကြီးပဲဲ။ ဒီနေရာမှာ Ai ကို ဘယ်လိုသုံးလို့ရလဲဆိုတော့
Personalize Feedback တောင်းပါ: စာတင်ထားတာကို စစ်ပေးဖို့ ဆရာမ အမှတ်ခြစ်ပေးဖို့စောင့်နေတဲ့ခေတ်ကကုန်ပါပြီ။ AI နဲ့ဆို ကိုယ်လေ့လာထားတာကို ကိုယ်နားလည်သလို စာရေးပြီးရင် ဒါငါနားလည်သလိုရေးထားတာ ငါ့ကို ပြန်စစ်ဆေးပေးပြီး လိုတာလေးတွေပြောပါဆိုရင် ချက်ခြင်ကို သိရတယ်ဗျ။ ကိုယ်လေ့လာနေတာ Day ဘယ်လောက်ရှိပြီ ဒီနေ့ ဘာတွေသင်ပြီးပြီဆိုရင် ကိုယ့်အတွက် feedback တွေပေးနေတာဆိုရင် လူကပိုလုပ်ဖြစ်တယ်။ တိုးတက်ချင်ရင် feedback loop က မြန်ဖို့အရေးကြီးတယ်။
အနာဂါတ်မှာ သင်ကြားရေးက Ai Tutor တွေနဲ့ဖြစ်လာမယ်လို့တောင် ကျနော်က ယုံတယ်။ Customize education ဆိုတာ အရင် က ဒိတ်ဒိတ်ကျဲ သူဌေးတွေ royal မျိုးရိုးက လူတွေပဲတတ်နိုင်တာ အခုဆိုရင်တော့ လူတိုင်း ဒီလို education ကို အလွယ်ရနိုင်တယ်လို့မြင်တယ်။
ဒီလို ai နဲ့ ပညာရေးကို သင်ဖို့ ဘယ် platform တွေသုံးရမလဲမေးရင်တော့
Google Gemini, ChatGPT, Perplexity ဒီ ၃ခုနဲ့တင် လုံလောက်တယ်လို့ပြောလို့ရတယ်။
အနာဂါတ်မှာ ပညာတတ်နဲ့ ပညာမတတ်ရဲ့ gap က ပိုကွာလာနိုင်တာမို့ မြန်မြန်သင် မြန်မြန်တတ် မြန်မြန်အသုံးချပြီးတော့ မြန်မြန်ရှေ့ဆက်နိုင်မှသာ နောက်ကောက်မကျပဲကျန်ခဲ့ပါမယ်လို့ သတိပေးရင်း ဒီ newsletter လေးကိုဒီမှာပဲ ရပ်လိုက်ပါတော့မယ်။
Learn, Unlearn , Relearn လုပ်ရင်း ပိုတော် ပိုတတ် ပိုထက်မြက်သူများဖြစ်ကြပါစေ။
စေတနာများစွာဖြင့်
Messenger Community
မကြာသေးခင်ရက်ပိုင်းလေးကမှ Access ရထားတဲ့ community လေးပါ။ ဘာပဲပြောပြော platform တော်တော်များများမှာ ရုပ်တည်နဲ့ပြောနေတာတွေများတယ်ဆိုတော့။ ဒီ community ထဲမှာ ဘဝအမောတွေကို ဟာသနဲ့ရောပြီးဖြေနိုင်ဖို့အတွက် လာ join ဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။
New Bot to extract knowledge
စာအရှည်ကြီးတွေ podcast တွေ ကနေ Knowledge, wisdom, facts and quotes တွေ လုပ်ရမယ့် habit တွေကို ဆွဲထုတ်ပေးမယ့် ကျနော်ရဲ့ Mr Extractor Bot လေးကို ဒီမှာ အခမဲ့သုံးနိုင်ပါတယ်ခင်ဗျ။