လူတိုင်းနိုင်လိုစိတ်ရှိတယ်
သူများထက်သာချင်တယ်
သူများထက် ပိုချော ပိုလှ ပိုတော်
ပိုတတ် ပိုအောင်မြင် ဖို့လိုလားကြတယ်
ဒီလိုလုပ်ဖို့အတွက် သူများထပ်ပိုလုပ်ဖို့ ကြတော့
မလုပ်ချင်ဘူးဆိုဘယ်ဖြစ်ပါ့မလဲ?
ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲတွေက သာမာန်ထက်
အမြဲလိုလို ပိုလုပ်လေ့ရှိတယ်
သူများတွေအိပ်နေတုန်းလေ့ကျင့်တယ်
သူများတွေ ဆော့နေတုန်း စာဖတ်တယ်
သူများတွေ ပျော်ပါးနေတုန်းကြိုးစားတယ်
ဒါတွေကို မလုပ်ပဲ သူတို့လိုဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဗျ
ဒါဆိုသူတို့က ဘာလို့ ဒီလို သူများတွေထက်
ပိုလုပ်နိုင်တာလဲဆိုတာမေးစရာရှိတယ်
မျိုးရိုးလိုက်လို့ပိုကြိုးစားတယ်လို့တော့မထင်လိုက်ပါနဲ့ 😄
အဓိက အချက်က သူတို့က သူတို့စိတ်ကိုနိုင်တယ်ဗျ
မလုပ်နိုင်တဲ့သူတွေက ကိုယ့်စိတ်ကိုယ်ကို မနိုင်ဘူး
နဲနဲခက်လာရင် လျော့ပေးတယ် ညီးညူတယ် ဆင်ခြေတွေပေးတယ်
ဒိတ်ဒိတ်ကြဲတွေမှာဒါမျိုးတွေမတွေ့ရဘူး
ဘယ်လောက်ပင်ပန်းနေပါစေ ဘယ်လောက်ဒုက္ခတွေတွေ့နေပါစေ
ဘယ်လောက် ဖိအားတွေရှိနေပါစေ
လုပ်စရာရှိတာကို ပြီးအောင်လုပ်ရင်း ရစရာရှိတာ
လိုချင်တယ်လို့သတ်မှတ်ထားတာကိုရအောင်ယူလေ့ရှိကြတယ်
ကိုယ့်စိတ်ကိုကိုယ်နိုင်ဖို့ဆိုရင်
Clearity - ဘာလိုချင်လဲ ဘယ်လောက်လိုချင်လဲ ဘယ်တော့လိုချင်လဲ ဘယ်လိုမျိုးလိုချင်လဲ ဘာကြောင့်မလို့ တခြားဟာတွေထက် အဲ့ဒါကိုမှလိုချင်တာလဲဆိုတာကိုသေချာသိအောင်လုပ်ရမယ်
Discipline - ဘာလုပ်လုပ် အခက်အခဲ အဟန့်အတား အနှောက်အယှက် ပရောဂ ဆိုတာရှိမှာပဲ ရှောင်လို့မရဘူး။ အရေးကြီးတာက အဲ့ဒါတွေနဲ့ ကြုံလာရင်တောင် ငါလုပ်စရာရှိတာတွေကို ပြီးအောင်လုပ်မယ်ဆိုတဲ့စည်းကမ်းလိုတယ်။ သူများစည်းကမ်းမလိုက်နာရင်တောင် ကိုယ်တိုင်ချတဲ့စည်းကမ်းကိုတော့လိုက်နာဖို့အရေးကြိီးတယ်။
Community - ကြိုးစားနေတာကို အားပေးတဲ့ အသိုက်အဝန်းရေးကြီးတယ် မိသားစုနဲ့နေရင် ကိုယ်လုပ်နေတာတွေကို သိအောင်ပြောပြပြီး အထောက်အပံ့ယူပါ။ နောက်တစ်ခုက သူငယ်ချင်းအပေါင်းအသင်းတွေက ကိုယ့်လုပ်နေတာကို မနှောက်ယှက်ပဲ အားပေးတဲ့လူတွေနဲ့သာပေါင်းပါ။ မင်းကလဲ တစ်ရက်တစ်လေ လေးပဲကွာ လို့ပြောရင် သူငယ်ချင်းကောင်းမဟုတ်ပါဘူး အဲ့လိုလူတွေကိုရှောင်ပါ။ ကိုယ့်လိုမျိုးကြိုးစားချင်သူတွေနဲ့ ဝန်းရံပါ။
Peace - အရေးအကြိီးဆုံးနဲ့နောက်ဆုံကတော့ ကိုယ်လုပ်နေတဲ့အရာတွေတိုင်းမှာ ငြိမ်းချမ်းမှုကိုရှာပါ သူများတွေပေးမှရတဲ့ ငြိမ်းချမ်းမှုထက် ကိုယ့်အတွင်းစိတ်ကနေ ကိုယ်လုပ်လိုက်တဲ့အရာတွေက ကိုယ်လိုချင်တာကိုရဖို့နီးကပ်စေတယ်ဆိုတဲ့ အသိလေးကနေ ငြိမ်းချမ်းမှုကိုရအောင်ယူပါ
ဒီလိုသာဆိုရင် သူများတွေကို နိုင်အောင် ကြိုးစားနေတဲ့သူတွေထက် ကိုယ့်ကိုယ်ကိုနိုင်တဲ့ မဟာလူသားအဖြစ် ရပ်တည်ရှင်သန်နိုင်ပါလိမ့်မယ်မိတ်ဆွေ။
Podcast I Listen This Week
very insightful conversation and a lot to learn
Here are my take aways from this podcast episode
1. Therapy can benefit everyone, regardless of whether or not they have something specific to talk about.
2. Connecting and feeling comfortable with the therapist is crucial for effective therapy.
3. Failure is necessary for learning and growth, and even successful people experience it.
4. Setting boundaries and prioritizing important goals can lead to meaningful outcomes.
5. Avoid making important decisions right after a success or a loss, as emotions can cloud judgment.
6. Don't let imposter syndrome hold you back from pursuing your passions.
7. Finding contentment, balance, and synergy with your partner is key to a good relationship.
8. Finding joy in daily life, having a sense of purpose, and working towards the life you want are important for a good life.
Hope you learn something different from this podcast as well.