တော်တဲ့သူတွေနဲ့ မတော်တဲ့သူတွေကြားမှာ ကွာသွားတာတစ်ခုပဲရှိတယ်
အဲ့ဒါက အသေးစိတ်လေးတွေကအစ ဂရုတစိုက်လုပ်တာနဲ့ မလုပ်တာပဲဗျ။
သိလိုစိတ်နဲ့ စေ့စပ်သေချာမှုကိုပေါင်းစည်းလိုက်မယ်ဆိုရင် သာမာန်ကနေ ပိုတော်တဲ့သူဆိုတာဖြစ်လာနိုင်တယ်ဗျ။
သတင်းကောင်းပြောရင် အဲ့စိတ်က လူတိုင်းလိုလိုမှာရှိတယ်။ မသုံဖြစ်လို့မသိတာပဲရှိတယ်ဗျ။
ကျနော်တို့ရဲ့ ဦးနှောက်မှာ သုံးလို့ရတဲ့စွမ်းအင်က အကန့်အသတ်ရှိတယ်။ အဲ့စွမ်းအင်တွေကို အသုံးမတဲ့တဲ့အရာတွေ အကျိုးမှရှိတဲ့အရာတွေမှာ သုံးလိုက်ပြီဆိုရင်
မဖြစ်လာနိုင်တဲ့အရာတွေ မဖြစ်လာသေးတာတွေမှာတွေးပူနေရင်
တကယ်အရေးကြီးတာတွေ ကိုလုပ်ဖို့စွမ်းအင်ဆိုတာ မကျန်တော့ဘူးဗျ။
ဒါကြောင့်လဲ သိလိုစိတ်တို့ စေ့စပ်သေချာမှုတွေကိုလုပ်ဖို့ အတွက် ကျနော်တို့မှာ အင်အားမရှိတော့တာ။
ဒါကြောင့်တကယ်တော်တဲ့သူတစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် အရေးကြိီးတဲ့အရာတွေပေါ်မှာ အာရုံပိုစိုက်ပြီးတော့ စေ့စပ်သေချာအောင်လုပ်ဖို့လိုတယ်။
မေးခွန်းတွေထုတ်တတ်ရမယ်။ ပြောင်းလဲမှုတွေကိုသတိမူတတ်ရမယ်။ မလိုအပ်တဲ့ အကျင့်ဆိုးတွေကိုပယ်ပြီးတော့ ကောင်းတာတွေ အသုံးယင်တာတွေကိုပြန်သင်တတ်ဖို့လိုတယ်။
သိတာတွေကို စနစ်တစ်ခု ဗျူဟာတစ်ခုထုတ်တတ်ဖို့လိုတယ်။ စမ်းသပ်ကြည့်ဖို့လိုတယ်။
အဲ့ဒါတွေလုပ်ခြင်းမလုပ်ခြင်းကပဲ ကျတော်တို့တွေကိုတော်တဲ့သူ မတော်တဲ့သူအနေတဲ့ကွဲသွားစေတာပဲဗျ။
ဘယ် industry မှာပဲလုပ်လုပ်ဘယ်ပညာရပ်ကိုပဲသင်သင်
သင်ပြီး certificate လေးကိုင်နေတာနဲ့မပြီးသွားဘူး
အဲ့ certificate ဆိုသင်ဒါကိုသင်ဖူးတယ်လို့ပြောတာပဲရှိသေးတယ်
စာအုပ်ထဲက အရာတွေကိုလုပ်တတ်ပြီလို့ပြောတာပဲရှိသေးတယ်
အပြင်လောကမှာ အသုံးတည့်ပြီး ပြဿနာတွေဖြေရှင်းနိုင်လောက်တယ်လို့ပြောတာပဲရှိသေးတယ်
တကယ်ဖြေရှင်းတတ်ဖို့ကတော့ လက်တွေ့မှာ သိလိုစိတ်နဲ့ စေ့စပ်သေချာမှုရှိတဲ့လုပ်ရပ်တွေကသာပေးစွမ်းနိုင်ပါတယ်မိတ်ဆွေ။
သတိမမူ ဂူမမြင် လို့ပြောကြတယ်
သတိမူရင် မြူ ကိုပါမြင်တယ်ဆိုတာတော့ မပြောကြဘူး။
သေးသေးမွှားမွှားလေးတွေကအစ စေ့စေ့စပ်စပ်သေသေချာချာလုပ်ရင်
လူတော်ဖြစ်လာပါမယ်မိတ်ဆွေ
📎 Quote of the week
the future belong to those who learn more skills and combine them in creative ways
အနာဂတ်ဆိုတာ တစ်ခုထပ်ပိုတဲ့ skill တွေကို သင်ယူပြီးတော့ အနုပညာမြောက်စွာပေါင်းစည်းနိုင်တဲ့သူတွေရဲ့ လက်ထဲမှာရှိတယ်။
Perplexity AI Podcast
information တွေကိုရှာဖွေရတာအရမ်းကြိုက်လို့နေစဉ်သုံးဖြစ်တဲ့ perplexity က အခုနောက်ပိုင်း collaboration တွေအများကြီးလုပ်လာတာတွေ့ရတယ်။ အခုလဲ update အနေနဲ့ပြောရရင် နေ့စဉ်နားထောင်လို့ရမယ့် သတင်းတွေကို summarize လုပ်ပြီးပြောပေးတဲ့ Ai podcast ထွက်လာပြီတဲ့ဗျာ
ဒီမှာသွားနားဆင်နိုင်ပါတယ်။