⭐ တန်ဖိုးရှိတဲ့သူဖြစ်ချင်ရင် 💫
How to be Man/Woman of value
တန်ဖိုး ဆိုတာတိုင်းတာရတော့ခက်တယ်
တစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားတဲ့အရာတွေကွာတော့
တန်ဖိုးသတ်မှတ်တာကလဲကွာတယ်။
ဒါပေမယ့် တန်ဖိုးရှိတဲ့အရာတွေကိုလေ့လာကြည့်တာအခါတွေမှာ
ရှားပါးတာ၊ ခက်ခက်ခဲခဲလုပ်မှရတာ ၊ လူတိုင်းလိုက်လုပ်လို့လွယ်လွယ်မရတာ
တိကျသေချာသပ်ရပ်စွာလုပ်ထားတာတွေကိုလူတွေက တန်ဖိုးပိုထားလေ့ရှိတယ်။
ဒီတော့ တန်ဖိုးရှိတဲ့သူဖြစ်ချင်တယ်ဆိုရင်
၁. မပေါစေနဲ့ 👀
အမြဲတမ်း available ဖြစ်နေရင် စျေးကျတယ် တန်ဖိုးတက်ချင်တယ် တန်ဖိုးရှိချင်တယ်ဆိုရင် လူတိုင်းတောင်းတဲ့အကူအညီ လူတိုင်းခေါ်တဲ့ဖိတ်ကြားမှုတွေကို အမြဲလက်ခံနေလို့မရဘူး။ အကူအညီတောင်းတာနဲ့ အသုံးချတာနဲ့ကမတူဘူး တချို့တွေက အကူအညီတောင်းသလိုလိုနဲ့ ကိုယ့်ရဲ့ လုပ်အား ခွန်အား ဉာဏ်အားတွေကိုအသုံးချချင်နေတာ။ အကူအညီလိုတဲ့သူကို ကူညီပေးလို့ရပေမယ့် အသုံးချနေတဲ့သူတွေကိုတော့ ငြင်းထုတ်ရမယ်။
coffee သောက်ဖို့ ထမင်းစားဖို့ဖိတ်တာက ကျွေးချင်လို့မဟုတ်ပဲ ဦးနှောက်ဖောက်စားဖို့ဆိုရင် ကော်ဖီတစ်ခွက်နဲ့ ကိုယ့် idea ကိုလဲရတာက တန်တယ်လို့မထင်ဘူး ဒီတော့ ငြင်းလိုက်တာပိုကောင်းတယ်။
ငြင်းပါများတော့ အသုံးချမယ့်သူတွေနဲ့ဝေးသွားပြီး ကိုယ့်ကို တကယ်တန်ဖိုးထားတဲ့သူတွေပဲ ကိုယ့် network ထဲမှာကျန်ခဲ့တဲ့အတွက် ကိုယ့်ရဲ့တန်ဖိုးလဲတက်လာလိမ့်မယ်။💪
၂. Skill တွေတည်ဆောက် ⛑️
လူတိုင်းမတတ်တဲ့ skill တွေ ရှိနေတဲ့သူဆိုရင် လူတွေက ပိုအလိုရှိကြတယ်။ လူတိုင်းမတတ်တဲ့ skill ကိုရှာဖို့တော့ခက်ပေမယ့် မတူတဲ့ skill တွေကို ပေါင်းစပ်နိုင်တယ်ဆိုရင်လဲ ကိုယ်ကသူများထက် ပိုထူးတဲ့ skillset တွေရှိတဲ့သူဖြစ်လာနိုင်တယ်။
ဥပမာ ကျနော်ဆိုရင် Tech လောကလာတယ် စီးပွားရေးပညာတတ်တယ် စကားပြောစွမ်းရည်ရှိတယ် စာရေးနိုင်တယ်။ Tech တစ်ခုထဲသိတဲ့သူတွေထက်စာရင် ကျနော်ကိုယှဉ်ဖို့ခက်မယ်။ အဲ့ဒါ skill တစ်ခုရှိတဲ့သူထက် skill set ရှိတဲ့သူတွေက ပိုသာစေတဲ့အချက်ပဲ။
ဒါဆိုဟိုစပ်စပ်ဒီစပ်စပ် အကုန်သင်ထားရမှာလားလို့မေးရင် No ပါ။ skill တစ်ခုကို အရင်ဆုံး Master ဖြစ်အောင်လုပ်ပြီးမှ အဲ့ skill နဲ့ ဆက်စပ်တဲ့ skill တွေကိုသင်ယူပါဗျ။
ဘယ်လိုမျိုးလဲဆိုရင် Content ရေးတတ်ဆိုပါစို့ ကိုယ့်နဲ့အတူအလုပ်တွဲလုပ်တဲ့ သူတွေက Design သမားတွေ Business သမားတွေဆိုတော့ ကိုယ်က Design ပိုင်း Business ပိုင်းတွေကို လေ့ာထားရင် ကိုယ်နဲ့ အလုပ်လုပ်သူတွေနဲ့ ပြောဆိုတဲ့အခါမှာ စကားပိုပေါက်တဲ့အတွက် အခွင့်အလမ်းတွေပိုရနိုင်တယ်။
Skill set ရှိတဲ့သူတွေက တော်ယုံနဲ့အစားထိုးလို့မရတာမို့ တန်ဖိုး Auto တက်တယ်။💪
၃. တစိုက်မတ်မတ်လုပ် 🏃♂️
လူတော်တော်များများကိုကြည့်လိုက် တစ်ခုခုကို အချိန်အကြာကြီးစွဲစွဲမြဲမြဲ လုပ်နိုင်တယ်ဆိုတာရှားတယ် တော်ယုံလောက်လုပ်ပြီးတော့ တန်ယုံလောက်ပဲရရင်ကျေနပ်ပြီး ရပ်လိုက်တာများတယ်။ ဒါကြောင့် တန်ဖိုးတက်ချင်တယ်ဆိုရင် တစ်ခုခုကို စွဲစွဲမြဲမြဲနဲ့ တစိုက်မတ်မတ် လုပ်ဖို့အရေးကြီးတယ်။ နယ်ပယ်တစ်ခုကိုရွေး skill တစ်ခုခုကိုရွေး profession တစ်ခုကိုရွေး ပြီးရင် လိုင်းမကြောင်ပဲ နှစ်အကြာကြီး လုပ်နိုင်တယ် တိုးတက်မှုရှိအောင် ကိုယ့်ကိုယ်ကို အမြဲလုပ်နေမယ်ဆိုရင် တန်ဖိုးက တက်ပြီးရင်းတက်ပဲ။ 💪
၄. တိကျသေချာစွာလုပ် 📐
သေးသေးလေးတွေကိုဘယ်လိုလုပ်တယ်ဆိုကကြည့်ပြီး ကြီးကြီးတွေကိုဘယ်လိုလုပ်ဆိုတာကိုလူတွေက အကဲဖြတ်ကျတယ်။ စီးကမ်းရှိဖို့တရားဟောနေပြီး အဲ့လူက အမှိုက်လေးပဲချကြည့် ဒီလူ ဘာမှမဟုတ်ပါဘူးကွာလို့ထင်သွားလိမ့်မယ်။
အသေးအဖွဲလေးကအစ တိကျသေချာစွာလုပ်တတ်ချင်ရင် System တည်ဆောက်ရတယ် Method တွေနဲ့အလုပ်လုပ်ရတယ်။ ကိုယ်လုပ်တဲ့အလုပ် နေ့စဉ်လုပ်ငန်းဆောင်တာတွေအကုန်လုံးကို ဘယ်လိုလုပ်ရင် အမှားနဲမလဲ သတ်မှတ်ချိန်အတွင်းဘယ်လိုပြီးမလဲဆိုတာကိုရှာ System တည်ဆောက်။
System တည်ဆောက်တယ်ဆိုတာက Improvement ရှိလာဖို့ပဲ. Improvement လုပ်ဖို့ဆိုရင် တိုင်းတာမှုရှိဖို့လို့တယ်။
You can’t improve what you don’t measure
ကိုယ်လုပ်တဲ့အလုပ်တွေကို အချိန်ဘယ်လောက်ကြာလဲ အားဘယ်လောက်သုံးရလဲ ဘယ်အရာတွေကို ထပ်ခါထပ်ခါလုပ်ရလဲ အဲ့ဒါတွေကို ထပ်ခါထပ်ခါမလုပ်ရအောင်ဘာတွေလျော့လို့ရမလဲ အဆင့်တွေများနေရင် ဘယ်အဆင့်တွေကို ပေါင်းလုပ်လို့ရလဲဆိုတာကိုရှာပြီး System တည်ဆောက်ပါ။ System ရှိတဲ့သူက အမှားနဲတယ် အမှားနဲတဲ့သူက professional ဆန်တယ် professional ဆန်တဲ့သူက တန်ဖိုးတက်တယ်။ 💪
Ai အသစ်ထွက် Tools များ
Osum - Market Research ကို second ပိုင်းအတွင်းလုပ်လို့ရမယ့် Ai
Try free (Use checkout code PD for a lifetime 25% off)
Mubert - ကိုယ့်ရဲ့ vibe နဲ့ ကိုက်တဲ့ သီချင်းသံတွေဖန်တီးနိုင်တဲ့ AI-driven platform
ChatGPT Prompt
ကိုယ်ရဲ့အလုပ်/ လုပ်ငန်း အတွက် ဘယ် keywords တွေကအလုပ်ဖြစ်သလဲ ဘာတွေသုံးရမလဲဆိုတာကိုသိရဖို့အတွက် အရင်လို keyword research ကို အချိန်အကြာပြီးပေးပြီးရှာဖို့အလိုတော့ဘူး ChatGPT မှာ ဒီ prompt နဲ့အသုံးပြုလို့ရပါတယ်။
Do keyword research for [business/project/industry]. Can you give me the approximate search volume, competition level, and cost per click for each of those keywords?
Business = [Insert here]


No.4 အချက်မှာ စာလုံးပေါင်းလေးထောက်ပြပါရစေ။ စည်းကမ်းပါ အကို စီး နဲ့ ပေါင်းထားလို့ပါ။ sharing လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။
Thanks a lot for sharing