ဟိုးအရင်ထဲက ကျနော့်မှာ အလုပ်တွေကို များများနဲ့ မြန်မြန်ပြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေကိုလေ့လာရတာရှာဖွေရတာအရမ်းကြိုက်တယ်။ code ၁၀ ကြောင်းရေးရမယ်ဆို snipped လေးတွေလုပ်ထားတာတို့ ခဏခဏ ပို့ပေးရတဲ့ link တွေဖြစ်တဲ့ one on one coaching တို့ဆို keyboard shortcut နဲ့တွဲထားတာလို့လုပ်ထားတယ်။ ဒီနေ့လို အရာရာက တိုးတက်ပြောင်းလဲတာမြန်နေတဲ့ခေတ်ကြီးထဲမှာ လုပ်ဆောင်စရာတွေကို အဆင့်တွေမများပဲ မြန်မြန်ပြီးအောင်လုပ်တတ်ဖို့ကအရေးကြီးတယ်။ ဒီနေ့မှာတော့ ကျနော်ရဲ့ Productivity လက်နက်ထဲက အကြီးဆုံးဖြစ်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေ လှပတဲ့ Design မြန်ဆန်တဲ့ performance နဲ့ the Arc Brwser အပြင် တခြား chrome extension တွေအကြောင်းကိုလဲပြောပြသွားမှာဖြစ်ပါတယ်။
Arc Browser ရဲ့အသုံးဝင်နေမှု
internet ကိုသုံးဖို့ browser ပေါင်းများစွာအလွယ်တကူ download လုပ်ယူလို့ရပေမယ့် ဒီ Arc Browser ကိုသုံးဖို့အတွက် လနဲ့ချီပြီး waiting list ထဲမှာစောင့်ခဲ့ရတယ်။ ဒါလဲ ခေတ်စားလာတဲ့ Product Promotion တစ်ကွက်ပဲ။ invite ပို့ခံရတဲ့သူမှသုံးလို့ရမယ်ဆိုတာက လူတွေကိုပိုစိတ်ဝင်စားစေတယ်။ ကဲဒါကတော့နောက်တစ်ခေါက်မှပြောတော့မယ်။ လနဲ့ချီပြီးစောင့်ခဲ့ရတဲ့ Browser ကိုစသုံးတဲ့အခါမှာ ပထမဆုံးထူးခြားတာကတော့ onboarding experience ပဲ။ Tech လောကမှာဒါမျိုးမတွေ့ဖူးသေးပဲ ထူးထူးခြားခြားလေးလုပ်ထားတာ။ စိတ်ဝင်စားတာာက ဒီကောင်က chrome based browser ဆိုတော့ Chrome browser လိုများနှေးမလား? TAB တွေအများကြီးဖွင့်လိုက်ရင် အရင် chrome လိုပဲဲဒုက္ခပေးမလားတွေးနေမိတယ်။
ထင်ထားတာနဲ့ တက်တက်ဆင်အောင်လွဲတယ် ဒီကောင်က လှတာတင်မဟုတ်ဘူးဗျ performance ပါပိုကောင်းတာတွေ့ရတယ် safari တောင် tab တွေများလာရင် energy ရော memory ရောစားတယ်။ သူကအေးဆေးပဲ။ အကြိုက်ဆုံးတွေပြောပြပါဆိုရင်တော့
Arc က browser ဆိုတာထက်ပိုတယ် productivity လက်နက်ကြီးလို့ဆိုရမယ်
Split Screen Functionality: Browser ကိုနှစ်ခြမ်းခွဲပြီး ကိုယ်ကြည့်နေတဲ့ website ရယ် အဲ့က စာတွေကို Note taking , assignment, research လုပ်တဲ့သူတွေဆိုရင် ဒီ feature ကရှယ်ပဲဗျ။ မဟုတ်ရင် ဟိုကူးဒီကူးလုပ်ရတာ အာရုံပျက်တယ်။ tab တွေလဲ ဟိုကူးဒီကူးမလုပ်ရတော့ဘူး
Sidebar Integration: နောက်တစ်ခုကတော့ sidebar ကျနော့်လို့ ဖွင့်ပြီး tab တွေမပိတ်ပဲအများကြီးထားတတ်တဲ့သူအနေနဲ့တော့ ဘေးက sidebar မှာ အကြိုက်ဖွင့်ထားလို့ရတာရော ခဏခဏ သွားနေတဲ့ website တွေဆိုရင် speed dial လိုမျိုး မှတ်ထားလိုက်တာရောက တော်တော်ကိုအလုပ်ဖြစ်တာဗျ။
Customization: အကြိုက်ဆုံးအကြိုက်ဆုံးအကြိုက်ဆုံး feature ကတော့ လိုသလို customize လုပ်လို့ရတာကိုပါပဲ။ ဘာအရောင်နဲ့ဘယ်လို သုံးချင်တယ်ဆိုတာကို အကုန် စိတ်ကြိုက်လုပ်လို့ရတယ်။ တော်ရုံတန််ရုံ လုပ်လို့ရတာလောက်ကိုမပြောဘူး website တစ်ခုစီအထိ ကိုယ်ပေါ်ချင်တာတွေ မပေါ်ချင်တာတွေ အရောင်ပြောင်းတာတွေအကုန်လုပ်လို့ရတယ်။ ကျနော် Notion ကိုနမူနာပြထားပေးတာသာကြည့်လိုက်ဗျို့။
ကိုယ့်ရဲ့နေ့စဉ်အလုပ်တွေကို ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ လွယ်ကူလျှင်မြန်စွာလုပ်လို့ရတာကိုက Arc ရဲ့ အရမ်းကောင်းတဲ့အချက်ဖြစ်နေပြီ။ ဒါတွေတင်မကသေးဘူး shorcut တွေ chatgpt ကိုတန်းပြီးမေးလို့ရတာတွေကလဲ browser ထဲမှာပါနေပြီးသားဗျာ။ လေ့လာမှတ်သားရတဲ့ learning curve လေးက မဆိုသလောက်လေးပါ။ ကျင့်သားရသွားရင် အလုပ်တွေက ပိုမြန်ချက်ပဲ။
ဒီနေ့ပဲသုံးကြည့်ချင်ရင် ဒီမှာ download လုပ်ပါ
Chrome Extensions တွေနဲ့ Productivity
Arc browser က Chrome Based ဆိုတော့ သိန်းနဲချီတဲ့ chrome extension တွေကို အသုံးချခွင့်ရသွားတဲ့အခါ ကြမ်းပါတယ်ဆိုတာထက် ပိုကြမ်းသွားတော့တာပဲဗျ။ ကျနော်ကိုယ်တိုင်သုံးရတာကြိုက်တဲ့ extension အချို့ကိုပြောပြသွားပါမယ်။
Scrnli :
Screen recording: ခဏခဏ ဟိုဟာ ဘယ်လိုလေးလုပ်ရမလဲ ဒီဟာဘယ်လိုလေးလုပ်ရမလဲမေးရင် စာရေးပြတာထက် screenshot တွေ screen record တွေက အလွယ်ဆုံးပဲ ဒါလေးက light wieght ဖြစ်တယ် software တွေဘာတွေ install လုပ်ပြီးသုံးတာထက် ဒါလေးနဲဆိုပြီးပြီပဲ။ တစ်ခါတည်း covert လဲလုပ်လို့ရတယ်။ Page တစ်ခုလုံး အရှည်ကြီး screenshot ရိုက်ချင်တဲ့သူတွေအတွက်လဲကောင်းတယ်။
uBlock Origin:
Ads Blocker : Youtube video တွေကြည့်တဲ့အခါ မကြည့်ချင်တဲ့ Ads တွေထိုင်ကြည့်ရတဲ့ဒုက္ခကဝေးချင်တယ်ဆိုရင် website တွေမှာ မသင့်တော်တဲ့ Ads တွေလာပေါ်နေတာမကြိုက်ရင် Install လုပ်ထားသင့်တဲ့ extension လို့ထင်ပါတယ်။
UnHook:
Youtube Customization: Youtube ကြည့်ရင် ဘေးက suggestion video တွေက တစ်ခါတစ်လေမှာ သွားပြီး scroll လုပ်ရင်းတွေ့တဲ့အခါ ကြည့်နေတဲ့ video ကနေ attention ကလွဲသွးတယ်။ ဒီ extension လေးက အဲ့ဒါတွေကို ဖျောက်ထားလိုက်လို့ရတယ်။ အဲ့တော့ အာရုံပိုစိုက်နိုင်တယ်။
Perplexity:
Summarize webpage: ကျနော်တို့မှာအချိန်အများကြီးမရှိဘူး ဒါကြောင့် Inforamtion ရှာတဲ့အခါ အပိုစာသားတွေဖတ်နေတာထက် ဒီpage ကဘာပြောတာကိုသိဖို့လိုတဲ့အချိန်တွေမှာဆိုရင် စိတ်ချရတဲ့ perplexity ကိုသုံးဖြစ်တယ်။
ဘာလုပ်လုပ် Strategy ပါဖို့လိုတယ်
အခုလို tools တွေကိုသုံးတယ်ဆိုတာ ကျနော်မှာ ကိုဖြစ်တဲ့ workflow ဆိုတာရှိတယ်။ ဒါတွေလိုက် install လိုက်ရုံနဲ့တော့ ချက်ချင်းကြီး ဘဝပြောင်းလဲသွားမှာတော့မဟုတ်ဘူး အရေးကြီးတာက ကိုယ်နဲ့အသုံးဝင်တဲ့ workflow ဖြစ်ဖို့လိုတယ်။ ကျနော်အနေနဲ့ workflow တွေပိုကောင်းလာဖို့ဆိုရင် လုပ်တာ အဆင့် ၃ခုရှိတယ်။
ဘာတွေကခက်နေလဲဆိုတဲ့ Pain Point တွေကိုရှာ : Newsletter အစမှာရေးခဲ့သလိုပေါ့ကျနော့်အတွက် tabs တွေအများကြီးကို manage လုပ်ရတာတွေကခက်ခဲတယ် အချိန်ပေးရတယ် ဒီတော့ အဲ့ဒါတွေအတွက် ဘာဖြေရှင်းနည်းရှိမလဲရှာတယ်။
ဖြေရှင်းနည်းရှာ: tab ပြဿနာအတွက် ထဲမှာ project တစ်ခုစီအတွက် workspace တစ်ခုစီထားတယ်။ ဥပမာ အခု newsletter အတွက်ဆိုရင် workspace တစ်ခု personal interest တွေအတွက်ဆို workspace တစ်ခု အလုပ်က project တစ်ခုစီအတွက် workspace တွေထားလိုက်တဲ့အခါ ပြဿနာကရှင်းသွားတယ်။
လေ့ကျင်ယူ: စစချင်းမှာတော့ ဟိုဟာဘယ်နားရောက်နေလဲ ဒီဟာဘယ်နားရောက်နေလဲလို့ဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှအသားကျလာတယ် performance တက်လာတယ်။
မြန်ချင်တဲ့စိတ်ကို Reflection လုပ်ခြင်း
စိတ်ဝင်စားဖို့ကောင်းတာက အခုလို နည်းပညာအသစ်တွေကို အသုံးချလိုက်တဲ့က ကျနော်အလုပ်ပေါ်မှာထားတဲ့ခံစားချက်လဲပြောင်းလာတာတွေ့ရတယ်။ ဒါလေးက လွယ်သားပဲ၊ ငါလုပ်လို့အဆင်ပြေသားပဲ၊ အသစ်တွေကိုသင်နိုင်သားပဲလို့သိလာတဲ့အခါ ကိုယ်အလုပ်လုပ်တဲ့အရာတွေက ပိုအဆင်ပြေလာတယ်။ စိတ်ကိုက အလုပ်ကို ပင်ပန်းတယ်လို့မမြင်ပဲ မြန်မြန်ပြီးချင်တယ်ဆိုတာကြီးဖြစ်မနေပဲ။ ငါဒါလုပ်ရတာ enjoy ဖြစ်တယ်ဆိုတဲ့စိတ်လေးပါရလာတယ်ဗျ။ စိတ်ကြည်တော့ focus ကတက်လာတယ် focus တက်လာတော့အမှားနဲတယ် အမှားနဲတော့အလုပ်အမြန်ပြီးတယ်။ That’s it!
ဒါကြောင့်
မိတ်ဆွေအနေနဲ့လဲ ကိုယ်လုပ်တဲ့မအလုပ်တွေကို များတယ်မပြီးဘူးထင်နေရင် အဆင်ပြေစေမယ် workflow ရှာပြီး productivity ကိုမြှင့်တင်ပါ။ အသစ်တွေသင်ဖို့ သုံဖို့မကြောက်ပါနဲ့။ စမ်းသပ်ကြည့်မှသိနိုင်တာတွေမို့ စမ်းသပ်ပါ။ မကောင်းရင် အလုပ်မဖြစ်ရင် အရင်ပုံစံကို ပြန်ပြောင်းဖို့အလွယ်လေးပါ။ အသစ်ကတော့စမ်းကြည့်လို့ကောင်းရင် next level ကိုရောက်အောင်တွန်းတင်ပေးမှာအသေအချာမို့. ဒီနေ့ပဲ နည်းပညာအသစ်တွေကို ဘဝထဲယူဆောင်ရင် ပိုမိုမြန်ဆန်တိုးတက်အောင်လုပ်လိုက်ပါမိတ်ဆွေ
စေတနာများစွာဖြင့်!
MoonBase June is started
MoonBase community ရဲ့ June လအတွက် ပထမ room လေးကတော့ မနေ့ကပဲပြီးသွားပါပြီ။ ဘဝအခက်အခဲတွေကိုကျော်ဖြတ်ဖို့အတွက် ထားရမယ့် Mental Strategy ၁၀ခုကို ကျနော့်ရဲ့ personal အတွေ့အကြုံတွေနဲ့ပါ ပြောသွားခဲ့တာမို့ တော်တော်များများ သဘောကျတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၅ လမှာ ဘာမှသေချာမလုပ်ဖြစ်သေးရင် အခုကစပြီး ပြောင်းလဲပါ။
သူများတွေ တိုးတက်ခဲ့တာကို အမှီလိုက်ချင်ရင် ၂ ဆပိုကြိုးစားပါ။
Jan ကနေ May လအထိ replay တွေကြည့်ရင်း တိုးတက်မှုကို မြန်နှုန်းမြှင့်မယ်
အခုလ Live event တွေကိုလဲ Join မယ်ဆိုရင် ဒီနေ့ပဲ MoonBase Community ကို Join ဖို့ အခု email ကို “6month” လို့ reply ပြန်လိုက်ပါချင်ဗျာ 🚀