ဒီလပိုင်းအတွင် covid မတိုင်ခင်
အချိန်တွေတုန်းကလို ခရီးတွေပြန်သွားဖြစ်နေတယ်
ခရီးသွားခြင်းက ကျနော့် အတွက်
သတိထား မိတဲ့ skill ကိုမြှင့်တင်ပေးတယ်
ကိုယ်နေထိုင်တဲ့နေရာကနေ မိုင်တွေဝေးလာလေ
လူတွေရဲ့ စကားပြောပုံအသုံးအနှုံး၊ နေ့စဉ်ဘဝဖြတ်သန်းပုံ၊
တန်ဖိုးထားမှု၊ ဘာသာရေးအမြင်၊ ယုံကြည့်ကိုးကွယ်မှု၊
လောဘ limit၊ အရောင်အသွေးနှစ်သက်မှု၊
သူတစ်ပါးအထင်အမြင်ပေါ်အလေးထားမှု၊
စည်ကမ်း၊ ကျင့်ဝတ်၊beauty standard၊
မေတ္တာတရား၊ စာပေချစ်မြတ်နိုးမှု
အကုန်လုံး level တွေမတူကြတာတွေ့ရတယ်။
ကိုယ်နေတဲ့နေရာမှာ နေနေတုန်းကတော့
ကိုယ့်နေရာကလူတွေအကြောင်းမသိပေမယ့်
ဝေးသွားလေလေ အော်… ငါတို့ကဒီလို
သူတို့က ဒီလိုပါလားလို့ တွေ့တတ်မြင်တတ်လာတယ်
မတူညီမှုတွေကနေ ကောင်းတဲ့အချက်လေးတွေ
သင်ခန်းစာယူတတ်လာတယ်။
ငါသူတို့လိုလေးကျင့်ကြံလိုက်ရင် နေထိုင်လိုက်ရင်ဆိုတဲ့
အတွေမျိုးဝင်လာတယ်။ ဒါက တိုးတက်မှု့ရဲ့လမ်းစပဲဗျ။
အရင်ကခရီးသွားရင် ဒီလို တွေးဖြစ်ချင်မှ တွေဖြစ်ပါလိမ့်မယ်
ဒါပေမယ့် အခုက စလို့ သွားတဲ့ခရီးတိုင်းမှာ
သတိထားကြည့်ကြည့်ပါ စိတ်ဝင်စားစရာ
လေ့လာစရာမှတ်သားစရာ အတုယူစရာလေးတွေတွေ့ပါလိမ်မယ်
ဘယ်ခရီးသွားမလဲမေးရင်တော့
ဝေးလေကောင်းလေပဲပေါ့ဗျာ .....
Ai နဲ့ သတင်းဖတ်
သတင်းဆိုတာ မသိမကောင်း သိမကောင်ဗျ
အရမ်းသိတော့လဲ စိုးရိမ်စိတ်တွေပိုလာတတ်တယ်
မသိပြန်တော့လဲ ကိုယ့်ဘဝရှေ့ရေးအတွက်
ကြိုတင်ပြင်ဆင်ရမှာတွေကို မလုပ်ဖြစ်မှာဆိုးရတယ်
ဒီတော့ ဖတ်လဲဖတ် အချိန်ကုန်လဲသက်သာချင်တယ်ဆိုရင်
https://artifact.news
ကနေ app လေး ကို download လုပ်ပြီးဖတ်ကြည့်ပါဗျ
အကြိုက်ဆုံး feature ကတော့ article တစ်ခုခုကို
အစအဆုံး ဖတ်နေစရာမလိုပဲ Ai summary ပေးတာပဲ
တော်တော်ကို အချိန်ကုန်သက်သာတယ်ဗျ
နောက်တစ်ခုက ကိုယ်ဖတ်တဲ့ reading history
ပေါ်မူတည်ပြီး နောက်ပိုင်းမှာ ကိုယ်စိတ်ဝင်စားလောက်မယ့်
ကိုယ့်အတွက် အကျိုးရှိလောက်မယ့် article တွေကို
ယူဆောင်လာပေးတာကြီးက ရှယ်ကိုမိုက်။
စမ်းသုံးကြည့်ကြပါခင်ဗျာ
Quote of the week
Today is your opportunity build the tomorrow you want
ဒီနေ့က သင်လိုချင်တဲ့ မနက်ဖြန်ကိုတည်ဆောက်ဖို့ အခွင့်အရေးဖြစ်တယ်
Mind Blown Experience
နှစ် ၆၀၀ မှာ တစ်ကြိမ်သာ ကျရောက်တဲ့ english calander ၉ ရက် ၉လ နဲ့ မြန်မာ calandar ၉ ရက်နေ့ပါထပ်တူကျတဲ့နေ့မှာ ကျနော့်ရဲ့ moonbase community september ကို join တာက ၃၆ ယောက် ၊ event အချိန်က ည ၉နာရီ ၊ အစအဆုံး ပြောလို့ပြီးတော့ call ကို end လိုက်တာက ၉၉ မိနစ် တိတိ
I will always remember this day. ဘာလို့လဲဆိုတော့ အတင်းလုပ်ယူရင်တောင်ဖြစ်မလာနိုင်တဲ့အရာတွေက သူ့အလိုလိုဖြစ်လာတယ်ဆိုတာ စမ်းကြယ်မှုပဲဗျ
ဒီ universe ကြိီးတစ်ခုလုံးမှာ တိုက်ဆိုင်တယ်ဆိုတာမရှိဘူး။
အကြောင်းရှိလို့လို့ သူ့အလိုလိုဖြစ်လာတာ။ It’s Mind Blowing.
MoonBase ကို join ပေးသူများလဲ ကျေးဇူးအထူးပါခင်ဗျာ။
September 2.0 admission ကပိတ်သွားပေမယ့်
နောက်လတွေမှာ MoonBase မှာတွေ့ရဖို့မျှော်နေပါမယ်။
ကြည့်သင့်တဲ့ Podcast
Ryan Holiday ကကျနော့်ထက်ငယ်ပေမယ့်
ပညာပိုင်းမှာ ကျနော့်ထက် အဆပေါင်းများစွာသာတယ်
လေ့လာနိုင်အား စနစ်ကျမှုတွေကအစ အတုယူစရာကောင်းတဲ့လူလို့မြင်တယ်
podcast episode က နားထောင်ကြည့်သင့်တယ်လို့ထင်တယ်။
မှတ်သားစရာတွေအများကြီးရမယ်လို့မျှော်လင့်ပါတယ်ဗျ
Thanks Bro