အလုပ်တွေလဲပြီး ပျော်ရွင်တဲ့မိသားစုဘဝ personal life ရှိတယ်ဆိုတာက အိမ်မက်မဟုတ်ပါဘူး။ စီမံခန့်ခွဲမှုသေချာလုပ်နိုင်တယ်ဆိုရင် အလွယ်လေးရနိုင်တဲ့အရာပါဗျ။
ဒီနေ့မှာတော့ ကျနော်ကိုယ်တိုင်သုံးတဲ့ productivity hack တွေ Time management strategy တွေအပြင် ကျနော်ကိုယ်တိုင်သုံးတဲ့ software နဲ့ tools တွေကိုပါပြောပြသွားပေမှာပါခင်ဗျာ။ 🔥💦
🔥💡 ကျနော့်ဘဝကိုပြောင်းလဲသွားစေတဲ့ productivity tips တွေကတော့
1️⃣ ဦးစားပေးခြင်းအနှပညာ - အလုပ်တိုင်းကအကုန်အရေးမကြီးဘူး။ အရေးကြီးတာတွေကို အရင်ဦးစားပေးလုပ်တတ်တာကိုက အနှပညာပဲ။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ MITs ကဘာလဲဆိုတာသိအောင်အရင်လုပ်ပါ။ (MIT = Most Important Tasks). အရေးကြီးတာတွေကို အရင်လုပ်ပြီးခြင်းဖြင့် အောင်မြင်တဲ့နေ့ရက်တွေကိုစတင်ပါ။ 🏆✅
2️⃣ The Pomodoro Technique - လုပ်လိုက်နားလိုက်လုပ်တဲ့ နည်းပါပဲ။ ကျနော်တို့လူတွေအလုပ်လုပ်တာကို research လုပ်တဲ့အခါ focus ကောင်းကောင်းလုပ်နိုင်ရင် အများဆုံး ၂၅ မိနစ်ထိပဲဗျ။ ကြာကြာကိုင်ထားရင် လက်ညောင်းသလိုပဲ။ Focus ကလဲဦးနှောက်ကလဲ အညောင်းမိတယ်။ ဒါကြောင့်ကျနော်ကတော့ Pomodoro Technique ကိုသုံးတယ် 25 မိနစ်အလုပ်လုပ် ၅ မိနစ်ပြန်နား ၄ ကြိမ်လုပ်တယ်။ Focus လုပ်ချိန် မိနစ် ၁၀၀ က ယောင်ဝါးဝါး ၅နာရီထိုင်လုပ်တာထက်ပိုအကျိုးရှိတယ်။ မယုံရင် ကိုယ်တိုင် try ကြည့်ပါ။ ဘာ application မှ download လုပ်စရာမလိုပါဘူး ဒီမှာ သွားသုံးလို့ရပါတယ်။ 🍅⏰
3️⃣ Digital Detox လုပ်: စက်ပစ္စည်းတွေဆိုတာ သုံးတတ်ရင် အကျိုးလဲပြုသလို အသုံးလွန်ရင် အနှောက်အယှက်လဲဖြစ်စေတယ်ဗျ။ အလုပ်လုပ်နေတဲ့အချိန်မှာ ဝင်လာတဲ့ Notification တွေက ကျနော်တို့ productivity ကိုထိခိုက်စေတဲ့ အဓိကရန်သူပဲ။ Noti လေးတစ်ခုကိုစစ်ရင်းနဲ့ပဲ နာရီပေါင်းများစွာ ကြာသွားတာမျိုးဖြစ်နိုင်တာမို့ အလုပ်လုပ်ချိန်မှာ ကိုယ့်ရဲ့ စက်ပစ္စည်းတွေကို ကိုယ့်ကိုယ်မနှောက်ယှက်အောင်စီမံပါ။ ကျနော်ကတော့ iOS မှာပါတဲ့ Focus Mode ကိုသဘောကျတယ် သေရေးရှင်ရေးကလွဲလို့ကျန်တဲ့ Notification ဝင်မလာအောင်စီမံလို့ရတယ်။ အခုကဖုန်းတိုင်းလိုလိုမှာ အဲ့လို feature တွေထည့်ထားပေးပါတယ် စမ်းသုံးကြည့်ပါဗျ။ 📵🌿
4️⃣ Scheduling ကြိုလုပ်ပါ: ကိုယ့်အတွက် ဘယ် task ကို ဘယ်အချိန်မှာလုပ်ရမယ်ဆိုတာကို အတိအကျသတ်မှတ်ထားခြင်းဖြင့် ယောင်ဝါးဝါးနေ့ရက်တွေဖြတ်သန်းမှုမဖြစ်စေဖို့ကာကွယ်ပေးနိုင်ပါတယ်။ Deep Work လုပ်ရမယ့်အချိန်၊ အစည်းအဝေးလုပ်ရမယ့်အချိန်၊ email စစ်ရမယ့်အချိန် နဲ့ နားရမယ့် အချိန်တွေကအစအတိအကျသတ်မှတ်ပါ။ 🗓️🛠️
5️⃣ Automation လုပ်လို့ရတာတွေဆိုလုပ် : ခဏခဏ လုပ်နေရတဲ့ အရာတွေရှိရင် နည်းပညာကိုအသုံးချပြီး အလိုလိုလုပ်ခိုင်းလိုက်တာကောင်းတယ်။ ဥပမာ platform ပေါင်းစုံမှာ ကိုယ့်ရဲ့ content တွေတင်ဖို့ တစ်ခုစီလိုက်တင်နေမယ့်အစား IFTTT ဒါမှမဟုတ် Zapier ဆိုတဲ့ service တွေကိုသုံးပြီးတော့ အလိုလျောက်တင်ပေးတာတွေလုပ်လို့ရတယ်ဗျ။ 🤖🔁
6️⃣ 2 Minute Rule: တစ်ခုခုကိုလုပ်ဖို့အတွက် ၂ မိနစ်တောင်မကြာဘူးဆိုရင် ချက်ချင်းလုပ်ပါ။ အဲ့ဒီအကျင့်သေးသေးလေးက နောင်ကြီးကြီးမားမားတွေလုပ်တဲ့အထိ အထောက်အကူပြုပါလိမ့်မယ်။ ⏲️🏃♀️
7️⃣ အလုပ်နေရာကိုရှင်း : ရှင်းလင်းတဲ့အလုပ်စားပွဲက ရှင်းလင်းတဲ့ စိတ်ကိုပေးတယ် 🧹✨ ကိုယ်လုပ်တဲ့အလုပ်နေရာကို သေချာစီစီရီရီထားခြင်းက ကိုယ့်ကို အလုပ်သေချာလုပ်နိုင်စေဖို့ Mood ကိုပေးတယ်။
🧰🔨 Tips တွေပြီးသွားတော့ ကျနော်သုံးတဲ့ Tools တွေကိုပြောပြပေးပါမယ်။
- Project Management အတွက် Trello or Asana : ကိုယ်ရဲ့ project တွေကို အချိန်နဲ့ တပြေးညီ ကိုယ့် team member တွေနဲ့အတူတူ တွဲသုံးခြင်းဖြင့် အလုပ်မြန်မြန်ပြီးစေတယ်။ 🦸♀️📋
- Google Calendar or Cron : ကိုယ့်ရဲ့တစ်နေ့တာကို ဘာတွေလုပ်မယ်ဆိုတာကို calendar ထဲမှာအတိအကျသတ်မှတ်ပြီး အချိန်စီမံခန့်ခွဲ 📆🔔
- Notion or Obsidian : ကိုယ့်ရဲ့ ideas နဲ့ notes တွေကိုသေချာသိမ်းဖို့အတွက် ကျနော်တော့ tools ၂ ခုလုံးသုံးတယ်။ ပြန်ရှာရလဲလွယ်တယ်။ 📔💡
- Endel : မိသားစုများတဲ့အိမ်တို့ ဆူညံတဲ့ပတ်ဝန်းကျင်ရှိတဲ့နေရမှာနေတဲ့သူတွေဆိုရင် Ai နည်းပညာနဲ့ Science ကိုအခြေခံထားတဲ့ background music အသံပါ။ click နှိပ်ရင် ကျနော့်ရဲ့ promotion code လဲပါပါတယ် premium ကိုတစ်လရပါတယ်ဗျ။ စမ်းသုံးကြည့်ပါ 🎶🧠
ဘဝဆိုတာ ဟန်ချက်ညီအောင်ထိန်းရင်း ခရီးဆက်နေရတဲ့ process ပဲမို့ ကျနော်ဒီနေ့မျှဝေတဲ့ Tools တွေ technique တွေကနေ တစ်ခုခု အကျိုးရှိပြီး ဟန်ချက်ညီတဲ့ဘဝကိုတည်ဆောက်နိုင်ပါစေခင်ဗျာ 💖🚀
Stay productive and balanced, my friends! ✌️💼🌸
MoonBase ကအသစ်ဖြစ်သွားပါပြီ
ကျနော် announcement လုပ်ထားတာလေးကို telegram မှာ voice အနေနဲ့တင်ထားပေးပါတယ်။ နားထောင်ကြည့်ပါခင်ဗျာ။ Can’t wait to work together on your goals.