ကျနော်တို့မှာ အာရုံငါးပါးရှိတယ်။ အာရုံငါးပါက ဝင်လာတဲ့အရာတွေကို ကျနော်တို့ ဦးနှောက်ကနေ process လုပ်တယ်။ ထွက်လာတဲ့ ရွေးချယ်မှုအရ ဘယ်လိုတုန့်ပြန်သလဲဆိုတာက တစ်ယောက်နဲ့တစ်ယောက်ကိုကွာသွားစေတာပဲ။
ကျနော်တို့မြန်မာလူမျိုးတွေက self awareness အရမ်းအားကောင်းကြတယ်။ ဒါကြောင့် တကယ်ကောင်းတဲ့ပညာရေးတွေ စနစ်တွေနဲ့ ထိတွေ့လိုက်ရတဲ့သူတွေဆို မတရားကိုထူးချွန်သွားကြတယ်။ ကိစ္စတစ်ခုကို ကြည့်လိုက်ရင် pattern လေးတွေအလွယ်တကူရှာတွေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသက်နိုင်စွမ်းလဲများတယ်။ ဒီလိုအားကောင်းတဲ့ awareness ရထားတာက တစ်ဖက်မှာလဲ ပြဿနာရှိပြန်တယ်ဗျ။
ကျနော်တို့ မြန်မာတွေက ကိုယ့်ကိုယ်ကို အရမ်းဂရုစိုက်တတ်ကြတယ်။ (ဒီနေရာမှာ ဂရုစိုက်တယ်ဆိုတာကို သိတိထားမိတဲ့ aware နဲ့ တူတယ်လို့မှတ်ပါ ) ဒါကြောင့် တစ်ခုခုဆိုရင် ငါ့များပြောနေတာလားဆိုပြီး sensative ဖြစ်ကြတာများတယ်။ ဒီလူက ဒီလိုပြောတယ် ငါ့များပြောတာလား? ဒီလူက ဒီလိုကြည့်တယ် ငါများတစ်ခုခုမှားနေတာလား? စသည်ဖြင့် သူများပြောတာမပြောတာ အသာထား ကိုယ့်အတွေးနဲ့ကိုယ်လောင်မြိုက်ရင်း ဒုက္ခတွေရောက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက် အထင်လွဲတာ အပြစ်မြင်တယ်ဆိုတာ commnication မကောင်းလို့ဖြစ်တဲ့အရာတွေကြီးပါပဲ။ တကယ်တမ်းစိတ်ထဲမှာရှိတာကို physically , verbally မြင်အောင်ထုတ်မပြတတ်ကြတဲ့အခါ ကျနော်တို့မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာကြတော့တာပါပဲ။
poor communication + hight self awareness = mental problem
ဒီတော့ ကျနော်တို့တွေဟာ ဂရုစိုက်ခြင်းကိုလုပ်ရမှာလား? ဂရုမစိုက်ခြင်းကိုလုပ်ရမှာလား? ဆိုတာ အကြီးမားဆုံးမေးခွန်းတစ်ခုဖြစ်လာတယ်။ ကျနော်အနေနဲ့တော့ လူတိုင်းမှာ ဘုရားက ဆုလဘ်အနေနဲ့ ပေးလိုက်တဲ့အရာတွေဆိုတာရှိတယ်လို့ယုံကြည်တယ်။ ကောင်းမွန်စွာအသုံးမချတတ်ရင် အဲ့ဆုလဘ်က ပြစ်ဒါဏ်ဖြစ်သွားတယ်။ self awareness ရှိတာဟာ ကောင်းတယ် ဒါပေမယ့် အသုံးမချတတ်တဲ့အခါမှာ ကိုယ့်ကိုယ်လောင်မြိုက်စေတယ်။
ဒီတော့ ကျနော့်တို့ self awareness ရှိနေတာကိုဘယ်လိုကောင်းမွန်စွာအသုံးချရလဲ ? ဘယ်လို control လုပ်ရမလဲ? ဘယ်လိုထိန်းကျောင်းရမလဲ? ဆိုတာ ကျနော်တို့ သိဖို့လိုတယ်။ ဒါကိုကျနော်က ဂရုစိုက်ခြင်းအနုပညာလို့ခေါ်တယ်။
Self-Awareness ဆိုတာ ကျနော်တို့ဘဝအတွက် Blueprint
စဉ်းစားကြည့်ကျနော်တို့သာ တိုက်တစ်ခုတည်ဆောက်မယ်ဆိုရင် အုတ်ခဲတွေပုံလိုက်ရုံနဲ့ပြီးသွားရောလား? ဘယ်ဟုတ်မလဲဗျ။ ကျနော်တို့ သေချာဘယ်နေရာမှဘာသုံးမယ် ဘယ်လိုလုပ်မယ် ဆိုတာကအစ တိကျတဲ့ Buleprint တစ်ခုလိုအပ်တယ်။
Self Awareness ဆိုတဲ့ ဂရုစိုက်ခြင်းအနုပညာဆိုတာက ကျနော်တို့ဘဝအတွက် Blueprint ပါပဲ။ ဘယ်အရာတွေမှာ ဂရုစိုက်ရမလဲဆိုတော့
အတွေးတွေ - တစ်ရက်တစ်ရက် ကိုယ့်ကိုယ်ကိုပြောနေတဲ့စကားတွေက ကျနော်တို့နေ့စဉ်လုပ်နေတဲ့ ဆုံးဖြတ်ချက်တွေ လောကကြီးကိုမြင်တဲ့အမြင်တွေကိုလွှမ်းမိုးမှုရှိတယ်။
ခံစားချက်တွေ - ပြင်ပကလာတဲ့အရာတွေကြောင့်ဖြစ်တဲ့ ဝမ်းနည်း ဝမ်းသာမှု ခံစားမှုတွေ
အပြုအမူတွေ - ကိုယ်သိရျ်ဖြစ်စေ မသိရျ်ဖြစ်စေ လုပ်လိုက်တဲ့အရာတွေ
တန်ဖိုးထားတဲ့အရာတွေ - ကိုယ့်ဘဝမှာ ဘယ်အရာတွေက အရေးကြီးတယ်မကြီးဘူးဆိုတာကိုသတ်မှတ်လိုက်တာတွေ
အားသာချက်တွေ - ကိုယ်ဘာတွေမှာဆိုပိုတော်တာတွေ
အားနဲချက်တွေ - ကိုယ်ဘာတွေမတော်ဘူးလဲဆိုတာတွေ
ဒါတွေကို သေချာသိခြင်းက ကျနော်တို့အတွက်အရေးကြီးတဲ့ relatioship တွေ၊ ကျနော်တို့ရဲ့ career တွေ အကုန်လုံး လုံးအပေါ်မှာကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဒါတွေကို သေချာဂရုစိုက်နိုင်တယ်ဆိုရင် ပိုတိုးတက်အောင်မြင်ဖို့ပဲရှိတယ်။ အရေးကြီးတာက self aware အားကောင်းလွန်ပြီး
ကိုယ်ထိန်းချုပ်လို့မရတာတွေ
သူများဘာထင်မလဲတွေးတာတွေ
မအောင်မြင်ရင် ဘယ်လိုလုပ်မလဲတွေးတာတွေ ရပ်ဖို့ပါပဲ
မြန်မာတွေက Mind Reader လို့ကိုယ့်ကိုယ်ကိုထင်ကြတယ်နဲ့တူတယ်ဗျ။ သူများစိတ်ထဲဘယ်လိုထင်မယ်ဆိုတာရော ရှေ့ဖြစ်တွေရောကို ကိုယ့်စိတ်ထဲကနေမှန်းဆတာကိုသိပ်သဘောကျကျတယ်။ တွေးတောတတ်တဲ့ဦးနှောက်ရဲ့ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေပေါ့်ဗျာ။
ဒီတော့ကိုယ်က လိုအပ်တာထက်ပိုပြီး စိတ်ကူးပုံဖော်အားကောင်းတယ် အတွေးလွန်တတ်တယ် သူများပြောတာနဲနဲ ကိုယ်က ထင်ကြေးပေတာများများဖြစ်နေတယ်ဆိုရင်
၁. Mindfulness Meditation လုပ်ပါ
Mindfulness ဆိုတာ စိတ်အတွက် GYM သွားတာနဲ့အတူတူပဲဗျ။ ကိုယ့်ရဲ့စိတ်တွေပိုသန်မာလာဖို့ ပိုပြီး focus တွေအားကောင်းလာဖို့ ကိုယ့်ရဲ့ကောင်းကွက် ဆိုးကွက်တွေမြင်လာဖို့အတွက် လေ့ကျင့်တဲ့နေရာလိုပဲဗျ။ တစ်နေကို မိနစ်အနဲငယ် Mindfulness Meditation လုပ်နိုင်တယ်ဆိုရင်တောင် ကျနော်တို့ရဲ့ အတွေးတွေ ခံစားချက်တွေ ကျနော်တို့ရုပ်ပိုင်းဆိုင်ရာတွေကအစ ပြောင်းလဲလာနိုင်ပါတယ်။ ကိုယ့်ရဲ့အတွင်းစိတ်ရဲ့သဘောကိုသေချာနားလည်လာနိုင်တာမို့ mindfulness meditation ဆိုတာ ကိုယ့်ကိုယ်ကို ပိုကောင်းဖို့လုပ်တဲ့ ဂရုစိုက်ခြင်းအနုပညာပါပဲ။
၂. Journal ရေးပါ
စာအုပ်မှာပဲချရေးရေး ဖုန်းထဲပဲရေးရေး ကြိုက်တဲ့နည်းလမ်းသုံးလို့ရတယ် အရေးကြီးတာက ကိုယ့်ရဲ့ experience ကိုကိုယ်ပိုနားလည်လာဖို့ပဲ။ ကိုယ့်ရဲ့အတွေးတွေ ကိုယ့်ရဲ့ ခံစားချက်တွေကိုနားလည်လာဖို့ပဲ။ ခေါင်းထဲမှာစဉ်းစားမိနေတာတွေကိုချရေးတာမျိုး။ ဥပမာ စာတစ်ပုဒ်ကို social media ပေါ်ကဖတ်လိုက်မိတယ် အဲ့အချိန်မှာ ကိုယ်ခံစားလိုက်ရတဲ့ ခံစားချက်ကို တခြားသူကိုပြောပြသလိုမျိုး ကိုယ့်စာအုပ်ထဲမှာ ကိုယ့်အတွေးကိုချရေးတာမျိုးလုပ်ကြည့်ပါ။ ဒါဆို အချိန်ကြာလာတာနဲ့အမျှ ကိုယ်က ဘယ်အရာတွေပေါ်မှာဆိုယုံကြည်ပြီး ဘယ်အရာတွေကိုဆိုရင် မကြိုက်ဘူးဆိုတာတွေ ကောင်းကောင်းသိလာလိမ့်မယ်။ ကျနော်တို့လောကကြီးကိုဘယ်လိုမြင်တတ်တယ်ဆိုတာပိုသိလာလိမ့်မယ်။
၃. သူများအမြင်ကိုနားထောင်ပါ
တခါတလေ မှာကိုယ်မဟုတ်တဲ့တခြားသူရဲ့အမြင်ဆိုတာလိုအပ်တယ်။ ပုလင်းထဲမှာရောက်နေတဲ့သူက ပုလင်းပေါ်မှာဘာရေးထားလဲမမြင်ရသလိုပဲ။ တခါတခါ ကိုယ့်ကိုယ်ကိုတောင်မသိတဲ့အရာလေးတွေဆိုတာ သူများမြင်လို့ပြောတဲ့အခါ နားထောင်ကြည့်ရတယ်။ နားထောင်ပြီးရင် စဉ်းစားရတယ် ဟုတ်သလား ငါရော တကယ်အဲ့လိုဖြစ်နေသလားဆိုတာ စမ်းစစ်ကြည့်ရတယ်။ မဟုတ်ရင် မေ့လိုက် ကိုယ့်အတွက် အကျိုးမရှိရင်မေ့လိုက် ကျော်သွားလိုက် ဟုတ်နေမှန်နေရင်တော့ ကျေးဇူးတင်လိုက်ပါ။ ဘာမှ emotion တွေထည့်ပြီး feel နေဖို့မလိုဘူး။
၄. ကိုယ့်ရဲ့ personality ကို test လုပ်ကြည့်ပါ
ကိုယ်ကဘယ်လိုလူဆိုတာကိုသိနိုင်တဲ့ test တွေအများကြီးကိုရှိတယ် အရင်တုန်းကတော့ ကျနော် MBTI တို့ Ennergram တို့ကိုစမ်းကြည့်ဖို့ပြောခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ Human Design ဆိုတာလေးကိုသွားတွေ့တယ်။ စိတ်ဝင်စားဖို့တော်တော်ကောင်းတယ်။ အဲ့ကြောင်းကျနော် ဒီမှာရေးထားပါတယ်ဖတ်ကြည့်ပါ။ ကိုယ့်အကြောင်းကိုယ်ပိုသိလာရင် ကိုယ်လုပ်ချင်တဲ့အရာတွေဖြစ်ချင်တာတွေကိုရှင်းရှင်းလင်းလင်းသိလာနိုင်ပါတယ်။
၅. အတိတ်ကိုပြန်းပြီး စမ်းစစ်ကြည့်ပါ
ကောင်းတဲ့အတိတ်ရော မကောင်းတဲ့အတိတ်ရောကိုပြန်စမ်းစစ်ဖို့အတွက် အချိန်သီိးသန့်ပေးပါ။ ဘယ်လိုမေးခွန်းတွေမေးရမလဲဆိုတော့
ငါဒီနေရာကနေ ဘာသင်ခန်းစာရလိုက်လဲ?
ငါဘယ်လိုမျိုး ဒီအခြေအနေကို တုန့်ပြန်ခဲ့တာလဲ?
အဲ့လိုမဟုတ်ပဲ နောက်တစ်မျိုး လုပ်လို့ရတာရှိနိုင်သလား?
စသည်ဖြင့်ဒီလိုမေးလာရင် ပိုပြီးတော့ ကိုယ့်ကိုယ်ကို နားလည်လာပါလိမ့်မယ်။
ဘယ်သူ့ကိုမှ ဂရုမစိုက်တာဟာ အထာကျတယ်လို့ထင်ရပေမယ့် လူ့လောကလူ့ဘောင်မှာနေရတာမို့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ သဟဇာတဖြစ်ဖို့လိုတယ်။ မှားနေတဲပတ်ဝန်းကျင်ကိုရောက်နေရင်တော့ အဆင်ပြေအောင်နေတာထက် သဟဇာတ ဖြစ်တဲ့ ပတ်ဝန်းကျင်ကိုပြောင်းနေဖို့လိုတယ်။
ဒါတွေကိုသိဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို တကယ်ဂရုစိုက်ရင် ကိုယ်ဘာဆိုတာကိုနားလည်လာတယ်။ ကိုယ်ဘာဆိုတာကိုနားလည်လာရင် ဘာလုပ်ရမယ်ဆိုတာတွေက ရှင်းရှင်းလင်းလင်းသိလာတာမို့ ဂရုစိုက်ခြင်း အနုပညာအတွက် အချိန်ပေးပါ ကိုယ့်ကိုယ်ကိုတည်ဆောက်ပါ။ ကိုယ်နဲ့အတူ ပိုကောင်းတဲ့ပတ်ဝန်းကျင်တွေတည်ဆောက်ပါ။ တန်ဖိုးရှိတဲ့ အတွေးတွေ စကားတွေဝေမျှပါ။ တန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်ပါ။ ပိုကောင်းတဲ့အနာဂါတ်ကို ကိုယ့်ကိုယ်ကို သေချာသိခြင်းဖြင့်ဖန်တီးပါမိတ်ဆွေ။
စေတနာများစွာဖြင့်
တကယ်ကိုကြိုးစားပြီး ကောင်းမွန်တဲ့ပြောင်းလဲမှုတွေလုပ်ချင်တယ်။ ကိုယ့်လိုတိုးတက်ချင်သူတွေနဲ့ ကိုယ့်ရဲ့ friend circle ကိုချဲ့ချင်တယ်ဆိုရင်တော့ ကျနော်တို့ MoonBase Community ကိုလာဖို့အတွက်ဖိတ်ခေါ်ပါတယ်။ သင့်ဘက်က ပြောင်းလဲဖို့အသင့်ဖြစ်ပြီဆိုရင် ကျနော်တို့ MoonBase မှာဆုံတွေ့ပါမယ်။ See you at the MoonBase Community
Thanks for sharing 🙏
Thanks for sharing Ko La Pyae