မရေရာမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ
guide to navigate the unpredictable
မရေရာမှုတွေဆို ကျနော်တို့ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကြုံတွေ့ရတာပါပဲ။ ဒါနိယာမပဲ ဒါအမှန်တရားပဲ ဘယ်သူမှရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် မရေရာမှုတွေကြုံလာပြီဆို တုန်လှုပ်ကြတယ်၊ စိတ်ပူကြတယ် ပြီးတော့ ဘာဆက်လုပ်ရမယ်မသိဖြစ်ကြတယ်။ တကယ်လို့ ကျနော်က မရေရာမသေချာမှုဆိုတာ ကြောက်ရမယ်ဆိုတာထက် လက်ခံရမယ်လို့ပြောရင်ယုံမှာလား?
ဒီနေ့မှာတော့ မရေရာမှုတွေကိုကိုင်တွယ်ဖို့ Tips and trick တွေနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမယ် ဆိုတာကိုပြောပြသွားပါမယ်။
၁. လက်ခံလိုက်
အရင်ဆုံးမရေရာမှုတွေဆိုတာ လောကသဘာဝပဲလို့လက်ခံဖို့လိုအပ်တယ်။ ဒါကြောက်ဖို့လဲမလိုသလို ရှောင်နေလို့လဲပြီးသွားတာမဟုတ်ဘူး။ ဒီတော့လက်ခံလိုက်တာအကောင်းဆုံးပဲ။ မရေရာမှုဆိုတာကိုက ကျနော်တို့ကို ကောင်းသောပြောင်းလဲခြင်းတွေနဲ့ တိုးတက်မှုတွေကိုယူဆောင်လာပေနိုင်တာ။ ကျနော်တို့အသွေးအသားထဲမှာကိုက ပါလာပြီးသား။ သတင်းကြားလိုက်တာနဲ့ ကျနော်တို့ ခန္ဓာကိုယ်တွေကိုက သွေးတွေကို အဓိက ကြွက်သားကိုပို့ပေးတယ်။ အဲ့ဒါကိုက ကျနော်တို့ကို ပိုပြီးသန်မာလာစေတယ်။ ဦးနှောက်က ပိုပြီးနိုးကြွလာတယ် အဖြေထုတ်ဖို့ထွက်လမ်းကိုရှာတယ်။ ဒါကြောင့် မရေရမှုဆို တိုးတက်ချင်တဲ့သူအတွက်ဆိုရင် လိုအပ်တယ်လို့တောင်ဆိုနိုင်တယ်။ အဲ့အချိန်မှာပဲ လိုအပ်တာတွေသင်ဖို့ အပြောင်းအလဲတွေကိုလက်ခံဖို့ တိုးတက်ဖို့ဆိုတာတွေကဖြစ်လာတာဗျ။ ဒါကြောင့် ငြင်းဆန်နေတာထက်စာရင် အေးဖြစ်လာပြီပဲ အကောင်းဆုံးလုပ်လို့ရတာဘာရှိမလဲဆိုတာကိုမြင်တတ်အောင်သာကြည့်ပါ။ လက်ခံပြီးတိုးတက်မှုကို စတင်ပါ။
၂. Growth Mindset ထားပါ
ငါဒါကြီးဖြစ်ရမယ်ဆိုပြီး စိတ်ထားတာက fix mindset. A ပြီးမှ B လုပ်လို့ရမယ် A လုပ်လို့မရတော့ဒါနဲ့ B ဆိုတာ မဖြစ်တော့ဘူးလို့တွေးနေရင်စိတ်ပျက်မှုတွေနဲ့ပဲ အမြဲကြုံနေရမှာ။ လောကမှာ ဘယ်အရာမှ ပုံသေတွက်လို့မရဘူး။ တစ်မျိုးမဖြစ်ရင် နောက်တစ်မျိုးနဲ့ တူညီတဲ့အဖြေထွက်လာအောင် တီထွင်ကြံဆရမှာပဲမဟုတ်လား။ အဲ့လိုရလာတဲ့ information တွေပေါ်မှာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး အလျော့မပေးတာကို growth mindset လို့ခေါ်တယ်။ အဲ့ဒီလိုစိတ်ထားတတ်တယ်ဆိုရင် မရေရာမှုဆိုတာ ဘာမှုနေစရာလိုလို့လဲ။
၃. စိတ်ကြည်အောင်ကျင့်ပါ
ဘာနည်းပဲသုံးသုံးစိတ်ကြည်ဖို့လိုတယ်။ Binary Beats တွေနားထောင်တာဖြစ်ဖြစ် တရားထိုင်တာဖြစ်ဖြစ် အရေးကြီးတာကိုယ့်စိတ်က ကြည်လင်နေဖို့လိုတယ်။ စိတ်ကြည်လင်လာရင် အမှန်အမှားကို ပြတ်သားစွာမြင်နိုင်တယ်။ ကိုယ့်စိတ်ထဲက အရောင်ဆိုးတာတွေမပါပဲ သတင်းကိုသတင်းအတိုင်း အတင်းကို အတင်းအတိုင်းမြင်လာရင် အကောင်းအဆိုးကိုပါဝေဖန်ပိုင်းခြားနိုင်လာလိမ့်မယ်။ စိတ်လှုပ်ရှားနေမယ် emotional ဖြစ်နေမယ်ဆိုရင် ဘယ်တော့မှကို အမှန်ဆိုတာမမြင်နိုင်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကိုကြည်လင်အောင်ထားနိုင်ဖို့လိုတယ်။
4. ဘာ Tools တွေသုံးရမလဲ
သုံးလို့ရတဲ့ tools တွေဆိုတာ အများကြီမှအများကြီးကိုရှိတယ် ကျနော်ကိုယ်တိုင်သုံးတာကတော့
Journaling ရေးတယ်: ပေါ်လာတဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့ခံစားချက်တွေကိုချရေးပြီး ဘယ်အရာတွေက ကိုယ့်ရဲ့ခံစားချက်တွေကို နှိုးဆွပေးလဲ ဒါတွေကိုဘယ်လိုရှင်းရမလဲဆိုတာကိုချရေးတယ်
Meditation လုပ်တယ်: နေ့စဉ်နဲ့အမျှ ဘာသာရေးရှုထောင့်ကမဟုတ်ပဲ ဝင်သက်ထွက်သက်ပေါ်မှာ အာရုံစိုက်ပြီး စိတ်ကိုငြိမ်လာအောင်လေ့ကျင့်တယ်
ပုတီးစိတ်တယ်: တစ်ခြားအကျိုးကျေးဇူးတွေခဏထားဦး ပုတီးစိတ်နေတဲ့အချိန်မှာ စိတ်က Ekaggatā လို့ခေါ်တဲ့ တစ်နေရာထဲမှစုစည်းထားနိုင်တဲ့အကျင့်ကိုရလာတယ်။
လေ့ကျင့်ခန်းလုပ်တယ်: နေ့စဉ်လေ့ကျင့်ခန်းလုပ်တာက ကျနော်တို့ကို စိတ်ဖိစီး နေတာတွေ စိတ်ညစ်နေတာတွေကို မဖြစ်အောင်ကူညီပေးနိုင်တယ်။
၅. ဒီတိုင်းမနေပါနဲ့
တစ်ယောက်တည်းအဖြေရှာနေဖို့မလိုဘူး ကိုယ်ချစ်ရခင်ရ လေးစားရတဲ့သူတွေကို မေးမြန်းပါ အကြံဉာဏ်ရယူပါ။ ဆရာကောင်းသမားကောင်း Mentor ထားပါ။ စိတ်လုံးဝအဆင်မပြေဖြစ်နေရင် professional တွေရဲ့အကူအညီရယူပါ။ ကိုယ်စိတ်ပူနေတာတွေကြောက်နေတာတွေက ပြောပြလိုက်ရင် လျော့ကျသွားတတ်တဲ့သဘောရှိပါတယ်။ ဒီတိုင်းမနေနေပါနဲ့။
ကိုယ့်ရဲ့ပင်ကိုယ်အရေအသွေးတွေကိုလဲ ယုံကြည်ပါ စိတ်အေးအေးထားပါ။ စိတ်ပူနေလို့လဲ ဘာမှပြောင်လဲသွားတာမဟုတ်တော့ စိတ်အေးအေးနဲ့ကိုင်တွယ်ဖြေရှင်းပါမိတ်ဆွေ။
စေတနာများစွာဖြင့်
La Pyae
Chat GPT ရဲ့ Sora
text to video ကို အရင်လို ဝါးတားတားတွေမဟုတ်တော့ပဲ ရှယ် quality နဲ့ ရလာပြီဗျ။ industry တစ်ခုလုံးကို တုန်လုပ်သွားစေတာတော့အမှန်ပဲဗျို့
ကဲဒီမှာသာ ရှုစားပေတော့ဗျာ
Quotes of the week
ဘယ်အရာတွေကနေ ပြေးနေပြီး ဘယ်တွေနောက်လိုက်လဲပေါ်မူတည်ပြီး ဘဝတွေဆိုတာကွာသွားတယ် သင်ရော ဘယ်အရာတွေကနေပြေးပြီး ဘယ်အရာတွေနောက်လိုက်နေတာလဲ?
အသစ်ထွက် Ai များ
Heardly → ၁၅မိနစ်စာ စာအုပ်ထဲကအဆီအနှစ်တွေကိုပေးမယ့် Ai
ArticleGPT → SEO လုပ်ပြီးသား Article တွေကူရေးပေးတဲ့ Ai
MyMap Ai → idea တွေကို Visual အဖြစ်ပြောင်းပေးတဲ့ Ai


Thank🙏